For 💔💔💔

3K 151 28
                                    

ထွဋ်ခေါင်ဦး၏ဘဝဇာတ်ကြောင်း(၂)


နှစ်လလောက်အကြာမှာ ကျွန်တော်က အလုပ်ကိစ္စနဲ့ နိုင်ငံခြားကို ခရီးထွက်ရဖို့ အကြောင်းပေါ်လာခဲ့တယ်။ သွားလေရာ သူ့ကို ခေါ်သွားတတ်တာက ကျွန်တော့်အတွက် အကျင့်တစ်ခုလို ဖြစ်နေတော့ ဒီခရီးစဉ်ကိုလည်း ခေါ်သွားနိုင်ဖို့အတွက် ပြင်ဆင်ခဲ့တာပေါ့။

"ကျွန်တော် မလိုက်ပါရစေနဲ့...ဦး။"

"ဘာဖြစ်လို့လဲ!?"

"ကျွန်တော်က သူတို့ဘာသာစကားကိုလည်း မကျွမ်းကျင်ဘူး။ ကားမောင်းပေးစရာလည်း မလိုဘူးလေ။ ကျွန်‌တော်က ဦးအတွက် ဝန်ပိုတစ်ခုလို ဖြစ်နေလိမ့်မယ်။"

"မဟုတ်တာ။ မင်းကို လိုအပ်သလို ခိုင်းလို့ ရတာပဲ။"

"ကျွန်တော် ဒီမှာပဲ နေခဲ့ချင်တယ်။"

ကျွန်တော် ပြောသမျှ မငြင်းဆန်ခဲ့တဲ့ သူ့ဆီက အခုလိုမျိုး ကြားရတော့ အတင်းအကြပ် မခေါ်ရက်တော့ဘူး။ သူ စိတ်ချမ်းသာစေဖို့ ကျွန်တော် တစ်ယောက်တည်းပဲ ခရီးထွက်ခဲ့ရတယ်။ ဒါပေမဲ့ သူနဲ့ ဝေးနေခဲ့တဲ့ တစ်ပတ်အတွင်းမှာ သေချာသိလိုက်ရတာက သူ မရှိဘဲ ကျွန်တော် ဘယ်လိုမှ မနေနိုင်ဘူးဆိုတာပါပဲ။ သူနဲ့ မတွေ့ခင်အချိန်တုန်းက ကျွန်တော် ဘယ်လိုနေခဲ့သလဲဆိုတာကိုလည်း မမှတ်မိတော့ဘူး။ အမြဲလိုလို သူ့ကိုပဲ မြင်ယောင်ပြီး သူ ရှိတဲ့ဆီကို ပြေးသွားချင်မိတယ်။ နောက်ဆုံးမှာတော့ ကျွန်တော့်ခံစားချက်တွေအတွက် အဖြေတစ်ခုကို ရရှိလာခဲ့တယ်။ အဲဒီအဖြေကို သူ့ဆီမှာ ဖွင့်ဟပြောဆိုဖို့ ကျွန်တော် အိမ်ကို အမြန်ပြန်လာခဲ့ပေမယ့် သူက ရှိမနေခဲ့ဘူးလေ။

"သူ ဘယ်ကို ထွက်သွားတာလဲ!?"

"ဦးလေးတို့လည်း မသိဘူးကွဲ့။ သူက အပြင်ခဏထွက်ချင်တယ်ဆိုပြီးပဲ ပြောသွားတာ။ ထွက်သွားတာ ကြာပြီဆိုတော့ ပြန်လာတော့မှာပါ။ ခဏစောင့်ကြည့်လိုက်ပါဦး။"

အတွေ့ချင်ဆုံးသူကို မမြင်တွေ့ရတဲ့ ခံစားချက်ကြီးက ပူလောင်လိုက်တာ။ ခြံစောင့်ဦးလေးရဲ့စကားကို ကျွန်တော် နားမထောင်ဘဲ ဘယ်ဆီရောက်နေမှန်းမသိတဲ့ သူ့ကို ရှာဖို့ ထွက်လာခဲ့မိတယ်။ သူ့အိမ်အဟောင်းကို သွားကြည့်တော့လည်း မရှိဘူး။ ဘားမှာများ ရောက်နေတာလားဆိုပြီး သံသယနဲ့ ပြေးရှာမိပေမယ့် မတွေ့ရတော့ နေရာစုံအောင် ကားပတ်မောင်းပြီး အိမ်ပြန်လာခဲ့ရတာပေါ့။ အိမ်နားကို ရောက်ခါနီးမှာ ရင်းနှီးကျွမ်းဝင်သလိုရှိတဲ့ ပုံရိပ်တစ်ခုက ကျွန်တော့်မြင်ကွင်းထဲ ဝင်လာခဲ့တယ်။ အဲဒါကြောင့် ဘာကိုမှ မစဉ်းစားနိုင်တော့ဘဲ သူ ရှိရာဆီ ပြေးသွားပြီး ပွေ့ဖက်ထားလိုက်မိတယ်။

အမုန်းတရားများစွာဖြင့်                                    (With a lot of Hatred)Donde viven las historias. Descúbrelo ahora