[NEW]EPISODE_43

816 68 4
                                    

သာယာလှပသော နံနက်ခင်းတစ်ခု။

ကျေးငှက်တို့၏တီတီကျွတ်ကျွတ်မြည်တွန်းသံကြောင့် မျက်လုံးအစုံဟာ အလိုလိုပွင့်လာကြသည်။ ယောင်ယမ်းကာဘေးဘီကိုစမ်းကြည့်မိတော့ အေးစက်စက်အိပ်ရာခင်းကသာ ဆီးကြိုနေ၏။ ဒါဟာ မဖြစ်သင့်ဘူးမလားလေ။

"Hyung!"

အိပ်ရာထက်မှကမန်းကတန်းထကာ အခန်းတစ်ခုလုံးနှံ့စပ်အောင် တကြော်ကြော်အော်ရင်းရှာဖွေမိသည်။ သို့သော် မတွေ့ပေ။

"အောက်ထပ်...အင်း...အောက်ထပ်ကျန်သေးတာပဲ။"

အောက်ထပ်သို့အပြေးအလွှားဆင်းကာ ရှာဖွေမိတော့ မီးဖိုခန်းအတွင်းနားကြပ်တပ်သီချင်းညည်းရင်း မနက်စာပြင်နေသော Hyungအားတွေ့လိုက်ရသည်။ ထိုတော့မှ မောဟိုက်နေသောရင်အစုံကိုဖိလျက် သက်ပြင်းရှည်ကြီးတစ်ချက်ကိုချမိသည်။ Hyungနှင့်အတူနေသည်မှာတစ်ပတ်ကျော်ပြီဖြစ်သော်ငြား ဘယ်အချိန်မှာများHyungကျွန်တော့်ဘေးမှပျောက်ကွယ်သွားမလဲဆိုသောအတွေးမှာ အချိန်တိုင်းခြောက်လှန့်နေဆဲပင်။

"ဟာ...Hyungရဲ့ပူတူးလေးနိုးလာပြီလား။"

ခါးထက်မှတင်းကြပ်စွာဖက်တွယ်ထားသော လက်သေးသေးလေးအားပြန်လည်ထွေးဆုပ်ရင်း ပြောလိုက်သည်။သို့‌ေသာ် ကလေးငယ်သည်ကျွန်တော့်အား မည်သည့်စကားတစ်စုံတစ်ရာမျှပြန်ပြောမလာခဲ့။ ခါးထက်မှလက်က‌လေးကသာပို၍ပို၍တင်းကြပ်လာခဲ့သည်။ စိုးရိမ်မှုကြောင့်လက်ကလေးကိုအသာဆွဲဖြုတ်တော့ အဖြုတ်မခံ။

"ထွက်သွားပြီထင်နေတာ...ကျွန်တော့်ကိုထားပြီး ထွက်သွားပြီထင်နေတာ"

တုန်ယင်နေသောအသံလေးဖြင့်ပြောလာသော ကလေးငယ်၏စကားကြောင့် လက်အားဆွဲဖြုတ်ကာနောက်လှည့်လို့ ကလေးငယ်အားရင်ခွင်ထဲဆွဲသွင်းမိသည်။

"ချစ်တယ် ကလေးလေး..."

မဆိုင်သောစကားတစ်ခွန်းကိုသာ ဆိုမိသည်။ထွက်မသွားဘူးဆိုသောစကားအားတဖွဖွပြောကာ ကတိအထပ်ထပ်ပေးချင်သော်လည်း မဖြစ်နိုင်။  သို့ကြောင့် ကလေးငယ်အားစိတ်အပြောင်းအလဲဖြစ်အောင် အခြားကိစ္စဘက်သို့အာရုံလွှဲရပေဦးမည်။

Second Person (Season_1)​(Completed)​Where stories live. Discover now