"သင်္ဘောမနက်ဖြန်ညနေ5နာရီလောက် Don Won သင်္ဘောဆိပ်မှာ ဆိုက်မယ် Rae In"
"ဟင် တစ်ပတ်တောင်မပြည့်သေးဘူးလေ... အစောကြီးပါလား"
အရေးတကြီးအလုပ်ရှိသည်ဟုဆိုကာ ကျွန်တော့်အားHotelသို့ ဖုန်းဆက်ခေါ်တာကြောင့် အိပ်ရာနိုးနိုးချင်းထရလာခဲ့သည်။ မပွင့်သေးသည့်မျက်လုံးများမှာ အခုလိုမျိုး စကားကိုကြားလိုက်ရတော့ ပြူးကျယ်ကုန်ရပြီပင်။
"JapanကStar Hotelမီးလောင်မှုကြောင့် ရဲတွေကအဲဒီ့ဘက်ကို အာရုံရောက်နေကြတယ်။ ဒါကြောင့် ဒီအခွင့်အရေးကို လက်လွှတ်ခံလို့မဖြစ်ဘူး။"
"ကောင်းပြီ။ ကျွန်တော်ကားအဆင်သင့်လုပ်ထားလိုက်ပါ့မယ်။ Sakaရော လိုက်မယ်မလား?"
"Kim Myung Sooကတော့ မြွေပွေးကိုခါးပိုက်ပိုက်ထားမိတာပဲ... ဟားဟား"
အမေးနဲ့အဖြေသည် တခြားစီပင်။
ကျွန်တော်စိတ်ထဲ တစ်မျိုးကြီးခံစားလိုက်ရသည်။ ရိသဲ့သဲ့ပုံစံနှင့်ပြောကာ ဟားတိုက်ရယ်နေသည့်Sakaကြောင့် မရည်ရွယ်ပါပဲ မျက်မှောင်ကြုံ့ လိုက်မိ၏။
"ဘာကိုဆိုလိုတာလဲ Saka"
"နိုင်ငံတကာမှာTOP (1)ဖြစ်နေတဲ့ Hotelကြီးကို မီးလောင်အောင်လုပ်ပြီး Kim Myung Sooလိုလူကိုတောင် အချုပ်ထဲထည့်နိုင်တာ တော်ရုံရဲတင်းမှုလား ဟမ်..."
"ဒါက..."
Sakaသည် ကျွန်တော့်ကိုစကားဆုံးအောင်တောင် ပြောခွင့်မပေးပါ။
"ဒီကိစ္စကအေးအေးဆေးဆေးနဲ့ပြီးမသွားလောက်ဘူး။ ယူတို့ Kim Tae Hoonကို လျှော့မတွက်နဲ့နော်။"
"ကျွန်တော်လည်း အဖေ့ကိုသတိနဲ့နေဖို့ပြောထားပါတယ်။"
"တို့လည်း ဒီကိစ္စပြီးရင် အနားယူတော့မှာ...ဘာပြဿနာမှရှိမလာဖို့ပဲ မျှော်လင့်ပါတယ်။"
"ကျွန်တော်ရောပဲ"
အဆုံးသတ် အသံတွေဟာ ခပ်တိမ်တိမ်။
မှန်တွေကာရံထားတဲ့ကြားကနေ ကျွန်တော်အပြင်ဘက်ကိုငေးကြည့်မိတယ်။
မကြာခင်မိုးရွာတော့မည်။ ကောင်းကင်ကြီးကလည်း မှောင်မိုက်လို့... စိတ်ထဲမှာလည်း အလေးတုံးကြီးဆွဲထားရသလို လေးလံနေ၏။
![](https://img.wattpad.com/cover/227546149-288-k229575.jpg)
YOU ARE READING
Second Person (Season_1)(Completed)
Fanfictionငေွရောင်လက်စွပ်နှစ်ကွင်းနဲ့ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ပြီးတော့ ခံစားချက်တေွကို ဝန်ခံမိတဲ့အခါမှာ သက်ရောက်လာမယ့်ကျိန်စာ... Kim Tae Hyung X Jeon Jung Kook Start date _ 8.7.2020 End...