[NEW]EPISODE_46

1.1K 64 4
                                    

ထူးပြီးနာကျင်‌ေနကြောင်းမပြောပြတတ်တဲ့
ကျွန်တော့်ရင်ထဲမှာ နာကျင်မှုတွေဟာ
ဘယ်အတိုင်းအတာထိများရှိနေမလဲဆိုတာ
ခင်ဗျားတို့သိကြလား?
.
.
.
နိုးနိုးချင်းမြင်ရသည်က မီးခိုးရောင်မျက်နှာကြက်တစ်ခု။ ဒါဆို ကျွန်တော်ဆေးရုံမှာမဟုတ်ပဲ ကျွန်တော့်အခန်းထဲမှာပဲရှိနေခဲ့သည်ပေါ့။ ဖြေးညှင်းစွာထထိုင်လိုက်ပေမယ့် လက်ခုံထက်မှစူးရှစွာနာကျင်မှုကို ခံစားရသည်။

"အ! ဆေးသွင်းထားတာပဲ"

လက်ခုံထက်မှအပ်ကိုဆွဲဖြုတ်ပြီး ကုတင်ပေါ်မှဆင်းကာဆေးလိပ်ဘူးရှိရာအလုပ်စားပွဲဆီ ခြေလှမ်းသည်။ သူတို့ဟာ ကျွန်တော့်ရဲ့မရှိမဖြစ် ဒုတိယကမ္ဘာငယ်လေး‌ေလ။

"အဟွတ် အဟွတ်"

ပြင်းပြစွာရှိုက်လိုက်ခြင်းနောက် ဆေးလိပ်ငွေ့မွှန်ရသူက ကျွန်တော်ကိုယ်တိုင်။ ရုတ်တရက်ဆိုသလို ရယ်သံလွင်လွင်လေးဟာ နားစည်ထဲဖြတ်ပြေးသည်။ ဖြတ်ခနဲဆိုသလိုကြားလိုက်ရတဲ့အသံပေမယ့် ဆေးလိပ်တစ်လိပ်ကုန်ပြီး ပြာဘဝပြောင်းကာဆေးလိပ်ခွက်ထဲရောက်ချိန်မှာတော့ ရယ်သံတွေဟာ ခဏတိုင်းကြားလာရသည်။ ခေါင်းကိုခါရမ်းကာ နောက်တစ်လိပ်ကိုလက်အလှမ်းမှာ ဖမ်းချုပ်လာတဲ့လက်အစုံကအေးစက်စက်။

"မသောက်နဲ့ မောင်၊ ဒါတွေကမောင့်အတွက်မကောင်းဘူး။"

ဆွဲချုပ်ကိုင်ထားရသည့်လက်များထံမှ ကြမ်းတမ်းစွာပင်ရုန်းထွက်လိုက်သည်။ 'မောင်'တဲ့လား။ ကလေးငယ်နှင့်ချွတ်စွတ်တူနေတဲ့ထိုကောင်လေးဟာ ကျွန်တော့်ကို'မောင်'တဲ့လေ။ ကျွန်တော့်ကလေးငယ်ဟာကျွန်တော့်ကို ထိုသို့နာမ်စားမျိုးသုံးကာ တစ်ခါမျှမခေါ်ဖူးချေ။ ထူးဆန်းသည်ကထိုကောင်လေး၏ မျက်လုံးတွေ။ အမှောင်ထဲမှာတောင် ရွှန်းစိုတောက်ပနေတဲ့အညိုရောင်မျက်ဝန်းတွေ...။ သေချာပေါက် ထိုကောင်လေးဟာ ကျွန်တော့်ကလေးငယ်မဖြစ်နိုင်ဝော့ာ။

"မင်းဘယ်သူလဲ။"

"Tae Hyung...Kim Tae Hyungလေ၊ မောင် မသိဘူးလား။"

ပူလောင်ဆွေးမြေ့မှုတွေဟာ ဘာကြောင့်များ အသံစူးစူးအောက်ဖုန်းကွယ်နေခဲ့သလဲ။ ဒါကို ကောင်လေးကိုယ်တိုင်ရော သိပါရဲ့လား။

Second Person (Season_1)​(Completed)​Where stories live. Discover now