တီတီတီတီ...
"ဦးလေး Sungရေ... တံခါးသွားဖွင့်ပေးလိုက်ပါဦး။"
ခြံရှေ့မှကားဟွန်းသံကြောင့်Yongသည်သူမ၏အိမ်မှခြံစောင့်ဦးလေးကြီးအားလှမ်းခေါ်ကာ တံခါးအမြန်သွားဖွင့်ခိုင်းလိုက်တယ်။ တစ်ဆက်တည်းမှာပဲ အိမ်ပေါ်ထပ်တွင်သားလေးနဲ့ဆော့နေတဲ့ခင်ပွန်းဖြစ်သူကို လှမ်းခေါ်လိုက်တယ်။
"အစ်ကိုJeonတို့လာကြပြီနဲ့တူတယ်ယောက်ျားရေ...အောက်၏ကိုဆင်းခဲ့ပါဦး။"
"လာပြီမိန်းမရေ...လာပြီ။"
ဒီနေ့Yongတို့ရဲ့သားလေး အသက်၅နှစ်ပြည့်မွေးနေ့လေ။ ဒါကြောင့် အစ်ကိုJeonတို့မိသားစုကို အိမ်လာဖို့ Yongကိုယ်တိုင် ဖိတ်ထားခဲ့တာ။ တခြားဘယ်သူ့ကိုမှတော့ မဖိတ်ထားပါဘူး။ Yongမှာသားလေးရှိတာကို ဘယ်သူ့ကိုမှအသိမပေးထားတာကြောင့်လဲ ပါတယ်။
အစ်ကိုJeonတို့နဲ့အနေဝေးနေခဲ့ကြတာအစ်ကိုJeonတို့ရဲ့သားေလး တစ်သက်တောင်ရှိပြီ။ လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ ပွဲတစ်ခုမှာမထင်မှတ်ပဲပြန်တေွ ့ခဲ့ရတာ။
အိမ်ထဲဝင်လာတဲ့မိသားစုသံုးယောက်နားသွားပြီး အဖော်ရေွဆံုးပြုံးကာ လှိုက်လှိုက်လှဲလှဲနှုတ်ဆက်လိုက်တယ်။
"အစ်ကိုJeon...ဟယ် Kookieလေးတောင်မနည်းထွားလာတာပဲ။""သားငယ် အန်တီတို့ကိုနှုတ်ဆက်လိုက်ဦးလေ။"
အစ်မSae၏စကားကြောင့် KooieလေးကYongကိုယုန်သွားလေးများပေါ်သည်အထိပြုံးပြကာ ခါးချိုး၍ နှုတ်ဆက်လာတယ်။
"တွေ့ရတာဝမ်းသာပါတယ်အန်တီ...သားနာမည်က Jeon Jung Kookပါခင်ဗျ။"
"ဟုတ်ပါပြီရှင် လိမ္မာလိုက်တာသားလေးက"
"ဟီးဟီး"
"ဒါနဲ့မွေးနေ့ရှင်က ဘယ်မှာတုန်းYongရေ...တွေ့ချင်လှပြီ။"
Yongကမေွးရာပါနှလံုးအားနည်းတာကြောင့် ကလေးမေွးဖို့ရန်အခက်အခဲရှိခဲ့တယ်။ မိသားစုဝင်တေွအားလံုးက ဖျက်ချဖို့ပြောခဲ့ပေမယ့် Yongအများနှင့်တစ်ယောက်အတိုက်အခံလုပ်ကာ သားလေးကိုရအောင်မေွးခဲ့တယ်။ ဒီအကြောင်းတေွကို အစ်ကိုJeonတို့နဲ့ ဟိုတစ်နေ့ကတေွ ့တော့ ပြောပြဖြစ်ခဲ့တယ်လေ။ ဒါကြောင့်လဲ သားလေးကိုအသည်းအသန်တေွ ့ချင်နေကြတာ။

YOU ARE READING
Second Person (Season_1)(Completed)
Fanficငေွရောင်လက်စွပ်နှစ်ကွင်းနဲ့ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ပြီးတော့ ခံစားချက်တေွကို ဝန်ခံမိတဲ့အခါမှာ သက်ရောက်လာမယ့်ကျိန်စာ... Kim Tae Hyung X Jeon Jung Kook Start date _ 8.7.2020 End...