ချိန်း!
ကျယ်လောင်လွန်းလှသည့်မိုးခြိမ်းသံသည် အခန်းထောင့်မှာခွေနေသည့် ကောင်လေးအားကြောက်ရွံ့ မှုကို ဖြစ်ပေါ်စေနိုင်မည်လား။
ဒီနေ့ညကျမှမိုးသည် သည်းကြီးမည်းကြီးမည်းကြီးကို ရွာနေသည်။ ပြတင်းပေါက်မှတစ်ဆင့် အခန်းအတွင်းသို့ဆင့်ကဲဝင်ရောက်နေသော မိုးစက်မိုးပြောက်များကြောင့် ကြမ်းပြင်တွင်ရေများစိုစွတ်စီးဆင်းနေကြပြီပင်။ အခန်းထောင့်ရှိကောင်လေးသည် ထိုအချင်းအရာများကိုမြင်သော်လည်း ပြတင်းတံခါးအားထပိတ်ခြင်းမရှိခဲ့သလို လှုပ်ခြင်းယှက်ခြင်းလည်းမရှိပေ။ ထိုနေရာတွင်သာ ကျောက်ရုပ်ကြီးတစ်ခုသဖွယ် ဒူးကိုလက်နှစ်ဖက်ဖြင့်ပိုက်ပြီး ထိုင်နေလေသည်။
"ငါ့စိတ်တွေသိပ်ကို လေးလံနေတယ်။"
တစ်ယောက်တည်းရှိသည့် အခန်းငယ်ထဲ တစ်ယောက်တည်း တီးတိုးရေရွတ်မိသည်။
ကြိုးတွေ...
ကျွန်တော့်ဘက်ကသာ စတင်ပြီး ချည်နှောင်ထားခဲ့တဲ့ ကြိုးတွေ။ ဖြတ်ဖို့လည်းခက်သလို၊ ဆက်ဖို့လည်းခက်၏။ ရှေ့ ဆက်သွားဖို့လည်းမဖြစ်နိုင်သလို၊ နောက်ဆုတ်ဖို့ဆိုတာလည်း ဘယ်လိုမှမဖြစ်နိုင်တော့။
စိတ်အလိုကိုလိုက်ပြီးရှေ့ ဆက်တိုးမိတဲ့အခါ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲအကျိုးဆက်တွေကို လေးထောင့်ဆန်ဆန်အပြုံးလေးတွေနှင့် ချေဖျက်လို့ရမည်ဆိုလျှင်သိပ်ကောင်းမည်။ အဲ့လိုသာဆို နောင်တတွေတပွေ့ တပိုက်ကြီးရမည်ဆိုလျှင်တောင် ရှေ့ ဆက်တိုးမည်။ ကလေးငယ်ကို ကျွန်တော်သာပိုင်ဆိုင်ချင်ပါသည်။
ကလေးငယ်ဟာ ကျွန်တော့်အတွက်တော့
လောကကြီးမယ်နှစ်ယောက်မရှိတဲ့
Limited Edition လူသားရုပ်ထုကလေးပင်။"စိတ်ညစ်တာတွေပျောက်အောင် ငါဆေးလိပ်သောက်ကြည့်ရမလား? ဘီယာတောင်သောက်ဖူးခဲ့ပြီပဲ... ဆေးလိပ်သောက်တာကတော့ အသေးအမွှားလောက်ပဲ မဟုတ်လား?"
"သောက်ကြည့်ရမယ်။ အဆင်ပြေလိုပြေငြားပေါ့"
တစ်ကိုယ်တည်းမေး၊ တစ်ကိုယ်တည်းဖြေရင်း အကြောင်းပြချက်မဲ့စွာ အခန်းထောင့်မှာခွေနေမိသည်။
![](https://img.wattpad.com/cover/227546149-288-k229575.jpg)
YOU ARE READING
Second Person (Season_1)(Completed)
Fanfictionငေွရောင်လက်စွပ်နှစ်ကွင်းနဲ့ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ပြီးတော့ ခံစားချက်တေွကို ဝန်ခံမိတဲ့အခါမှာ သက်ရောက်လာမယ့်ကျိန်စာ... Kim Tae Hyung X Jeon Jung Kook Start date _ 8.7.2020 End...