Unicode💜
အတ္တတစ်ချို့စွန်းပေနေတဲ့
အချစ်တေွကို ထွေးပိုက်လို့
ခင်ဗျားဆီကျွန်တော် သေချာပေါက်
ပြန်လာခဲ့ဦးမှာ... ။-Kim Tae Hyung-
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
တစ်ပတ်ပြည့်ခဲ့လေပြီ။
စက်ရံုဟောင်းကြီးထဲမှာပဲ တိတ်တဆိတ်နေခဲ့သည်မှာအချိန်အားဖြင့် တစ်ပတ်ပင်ကေျာ်ခဲ့ပါပြီ။ Rae In Hyungသည် အရင်လိုမဟုတ်တော့။ ကျွန်တော့်ကိုအတော်လေးဂရုစိုက်လာသည်။ အခုလည်း ကျွန်တော့်ခြေကျင်းဝတ်ကဒဏ်ရာတေွနှင့် လက်ကောက်ဝတ်ကဒဏ်ရာတေွကို ဆေးလိမ်းပေးနေ၏။ အနာဟာကျက်နေပြီဖြစ်သော်လည်း အမာရွတ်ကတော့ကျန်ရှိနေခဲ့သည်။ သို့ကြောင့် ထိုအမာရွတ်များပေျာက်ရန် ဆေးလိမ်းပေးနေခြင်းဖြစ်၏။
"ဆေးကအကောင်းစားဆိုတော့ မကြာပါဘူးပေျာက်မှာပါ။"
ခေါင်းငြိမ့်ကာအဖြေပြန်ပေးလိုက်သည်။ အချိုဆံုးအပြုံးတစ်ခုနှင့်အတူပေါ့။
"Sakaကဒီနေ့လာမှာမဟုတ်ဘူး။ ဟိုအတုကောင်ကို သေချာစောင့်ကြည့်နေရတယ်တဲ့လေ။"
ထပ်ပြီးခေါင်းငြိမ့်ရပြန်သည်။ ကျွန်တော်စကားပြန်ပြောချင်သည်။ သို့သော် ဘယ်အချိန်ထိ လည်ခေျာင်းဝမှာတစ်ဆို့နေသည့်အလံုးကြီးဟာ တည်ရှိနေမည်မသိပေ။
"ဗိုက်ဆာရင်ပြောနော်။ ထမင်းဘူးတေွရှိတယ်။"
ထပ်ပြီး... ထပ်ပြီး ခေါင်းငြိမ့်ရပြန်သည်။ ငြီးငေွ ့စရာကောင်းလိုက်တာ...
"မင်းစကားပြန်ပြောနိုင်ဖို့ Hyung...Sakaနဲ့တိုင်ပင်ကြည့်ဦးမယ်။ စိတ်ဓာတ်မကျနဲ့ ဟုတ်ပြီလား။"
ခေါင်းကိုခပ်ဖွဖွပုတ်လို့ နှစ်လိုဖွယ်အပြုံးတေွကို နှုတ်ခမ်းထက်ဆင်မြန်းသည်။ ကျွန်တော်သိချင်မိသည်။ Rae In Hyungသည်အရင်ကရော ထိုသို့ပြုံးတတ်ခဲ့ရဲ့လား ဆိုတာကိုပေါ့။
"ခဏအိပ်ဦးမယ်။ ထွက်မပြေးနဲ့နော်။ စိတ်ချမယ်။"
ပုတ်သင်ညိုတစ်ကောင်လိုပဲ... ဘာပြောပြောခေါင်းသာငြိမ့်ပြနေရသည့် အဖြစ်။

YOU ARE READING
Second Person (Season_1)(Completed)
Fanficငေွရောင်လက်စွပ်နှစ်ကွင်းနဲ့ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ပြီးတော့ ခံစားချက်တေွကို ဝန်ခံမိတဲ့အခါမှာ သက်ရောက်လာမယ့်ကျိန်စာ... Kim Tae Hyung X Jeon Jung Kook Start date _ 8.7.2020 End...