ဒေါက် ဒေါက် ဒေါက်...
"သမီးရေ...အောက်မှာသမီးရဲ့ဒယ်ဒီ ပြန်ရောက်နေပြီ။ထမင်းလက်စုံစားရအောင် မြန်မြန်ဆင်းလာခဲ့နော်။"
"ဟုတ် မာမီ"
ဒယ်ဒီနဲ့Soraတို့သားအမိ ထမင်းအတူမစားရတာတော်တော်ကို ကြာပြီ။ ဒယ်ဒီကအလုပ်ကနေအမြဲနောက်ကျမှ ပြန်လာတတ်တာကြောင့် Soraတို့သားအမိအရင်စားနှင့်လိုက်တာကများတယ်။ အခုတော့မိသားစုစုံစုံလင်လင် ထမင်းစားရတော့မယ်။ သီချင်းလေးငြီးကာ ပျော်ရွှင်စွာနဲ့အောက်ထပ်ကို အပြေးအလွှားဆင်းသွားလိုက်တယ်။
"ဒယ်ဒီ...ဒီနေ့တော့စောလှချည်လား။"
ထမင်းစားပွဲဝိုင်းရဲ့ထိပ်ဆုံးမှာထိုင်နေတဲ့ ဒယ်ဒီ့အနားသွားပြီး သွားတန်းလေးများပေါ်အောင်ပြုံးပြရင်း မေးလိုက်တယ်။
"ဟုတ်တယ် Soraလေးရေ...ဒီနေ့မှဥက္ကဌကြီးကဘာစိတ်ကူးပေါက်လည်းမသိပါဘူး။"
ဒယ်ဒီက Star Hotelပိုင်ရှင်ဥက္ကဌကြီးရဲ့အတွင်းရေးမှူးလေ။ Soraတို့မိသားစုမှာ မာမီ့ရဲ့မိဘတွေအမွေပေးခဲ့တဲ့ အခုလက်ရှိနေထိုင်နေတဲ့ခြံဝန်းလေးတစ်ခုနဲ့ အရစ်ကျပေးဝယ်ထားရတဲ့ကားလေးတစ်စီးပဲ ပိုင်ဆိုင်မှုရှိတာ။ ဒယ်ဒီ့တစ်လစာလခက အိမ်အသုံးစရိတ်နဲ့ Soraရောဂါအတွက်ဆေးဝါးဝယ်ရုံပဲ တတ်နိုင်တာ။ Soraမှာကမွေးရာပါ နှလုံးရောဂါရှိတယ်လေ။
"ဘာပဲဖြစ်ဖြစ်ဒီနေ့တော့ ဥက္ကဋ္ဌကြီးကိုအရမ်းကျေးဇူးတင်မိတယ်။"
"ဘာလို့တုန်း Soraလေးရဲ့..."
"ဒယ်ဒီနဲ့ညစာအတူစားရလို့လေ... Soraကနေ့တိုင်း ဒယ်ဒီနဲ့ထမင်းအတူစားချင်တာ။"
မဖြစ်နိုင်ပေမယ့် စိတ်ထဲရှိတဲ့အတိုင်းပြောလိုက်မိတယ်။ Soraသတိထားမိပါတယ်။ Soraစကားကြောင့်ဒယ်ဒီ့ မျက်နှာငြိုးသွားတာကို။ ဒယ်ဒီ့မှာပြန်ဖြေစရာအဖြေမရှိဘူးထင်ပါရဲ့။ သက်သက်မဲ့ဒယ်ဒီ့ကို စိတ်မကောင်းဖြစ်အောင်လုပ်မိပြန်ပြီ။
"ထည့်စားကြနော်...ဟင်းတွေရှိသေးတယ်။"
တိတ်ဆိတ်နေတဲ့ထမင်းဝိုင်းလေးကို မာမီကပြန်အသက်သွင်းလေတယ်။
![](https://img.wattpad.com/cover/227546149-288-k229575.jpg)
YOU ARE READING
Second Person (Season_1)(Completed)
Fanficငေွရောင်လက်စွပ်နှစ်ကွင်းနဲ့ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ပြီးတော့ ခံစားချက်တေွကို ဝန်ခံမိတဲ့အခါမှာ သက်ရောက်လာမယ့်ကျိန်စာ... Kim Tae Hyung X Jeon Jung Kook Start date _ 8.7.2020 End...