Kim Tae Hyungဆိုသည့် ကောင်ငယ်လေးဟာ ထာဝရအိပ်စက်သွားခဲ့လေပြီ။
1လပြည့်ခဲ့ပြီ။
ပန်းစီးအဖြူလေးကို အုတ်ဂူလေးထက်တင်ရင်း ချစ်လှစွာသောကလေးငယ်လေးအား ပြုံးပြနှုတ်ဆက်လိုက်သည်။
"Hyungရောက်ပြီ... ကလေးလေးရေ"
1လဆိုသည့်အချိန်လေးနဲ့ အရာအားလံုးဟာ ပံုမှန်မဖြစ်နိုင်။ နှလံုးသားထဲကလစ်ဟာမှုဟာ ကြီးမားနေတုန်းပဲ။ အုတ်ဂူဖြူဖြူလေးထက်ရှိဓာတ်ပံုလေးထဲက ကျွန်တော့်ရဲ့ကလေးလေးဟာ ပြုံးလို့။
"Hyung... မင်းနောက်ကိုမကြာခင် လိုက်လာမှာပါ။ ခဏတော့စောင့်ပေးဦးနော်။"
အဝေးတစ်နေရာကို လှမ်းငေးရင်းပြောမိသည်။ ကျွန်တော်မကြာခင်ကလေးငယ်ရှိရာကို လိုက်သွားမှာပါ။ အခုတော့မဟုတ်သေးဘူး။ Soraကိုနှလံုးအစားထိုးဖို့ ပြင်ဆင်ရဦးမည်လေ။
ကျိန်စာတေွဟာ ပြေပျက်ခဲ့ပြီ။ ဘာကြောင့်ပြေပျက်ခဲ့သလဲဆိုတာတော့ အဖြေရှာမရခဲ့ဘူး။ Mooကတော့Han Rae Inနဲ့အတူ တရားဥပဒေကပေးသည့်အပြစ်ကို ခံယူသွားခဲ့ပြီပင်။ စက်ရုပ်ကိုတော့ သံရည်ကြိုသည့်စက်ထဲထည့်ကာ ဖျက်စီးခဲ့ကြသည်။
"ပြန်ရအောင် Jung Kook... မိုးရွာတော့မယ်။"
"အေး"
Jake၏စကားကိုပြန်ဖြေရင် လက်ထဲပါလာတဲ့ထီးလေးကို အုတ်ဂူလေးထက်မိုးပေးရင်း နှုတ်ဆက်စကားကိုဆိုမိသည်။
"မကြာခင်တေွ ့မယ်နော် ကလေးလေးရေ..."
•••••••••••••••••••
•••••••••••••••••••
•••••••••••••••••••"Sora... အဆင်သင့်ဖြစ်နေပြီလား။"
"အင်း"
အသံဟာတိုးဖျဖျ ။
Soraနှင့်ကျွန်တော် ကလေးငယ်၏ စျာပနပွဲအပြီးမှာ အကြီးအကျယ်စကားများခဲ့ကြသည်။
'ငါမင်းကိုလက်မထပ်နိုင်ဘူး'
ဟု ပြောခဲ့သည့်စကားကနေ စခြင်းပင်။ တကယ်ပဲ ကျွန်တော်Soraကို လက်မ ထပ်နိုင်ဘူး။ ကျွန်တော်ချစ်တာ Soraကိုမှမဟုတ်ခဲ့ပဲ။ နောက်ပြီး ကျွန်တော်ချစ်ရသည့်ကလေးငယ်ဟာလည်း သေဆံုးသွားခဲ့ပြီလေ။ ကျွန်တော်ဘာကြောင့် ဒီလောကကြီးထဲ ဆက်နေရဦးမည်လဲ။ အဓိပ္ပာယ်မရှိလိုက်တာ။

YOU ARE READING
Second Person (Season_1)(Completed)
Fanficငေွရောင်လက်စွပ်နှစ်ကွင်းနဲ့ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ပြီးတော့ ခံစားချက်တေွကို ဝန်ခံမိတဲ့အခါမှာ သက်ရောက်လာမယ့်ကျိန်စာ... Kim Tae Hyung X Jeon Jung Kook Start date _ 8.7.2020 End...