"ပွဲကကြည့်လို့ကောင်းတော့မယ်။"
စားပွဲခံုပေါ်တွင်ပြန့်ကျဲနေသော ဓာတ်ပံုများအားကြည့်ကာ မဲ့ပြုံးတစ်ခုကိုနှုတ်ခမ်းထက်ဆင်မြန်းသည်။ ပြီးနောက် အခန်းထောင့်ရှိစားပွဲတွင် စာရွက်စာတမ်းတေွနှင့်အလုပ်ရှုပ်နေသော လက်ထောက်အတွင်းရေးမှူးလေးအား လက်ယပ်ခေါ်လိုက်၏။
"Sam ဒီကိုခဏလာဦး။"
"ပြောပါ CEO"
"ဒီဓာတ်ပံုထဲကကောင်ကို သေချာစောင့်ကြည့်ထားရဲ့လား... သူ့ရဲ့အကြောင်းအစံုကိုရော သိရပြီလား"
"Davidကိုပဲမေးကြည့်ပါလား CEO... ကျွန်တော်ဒီကောင့်ကို စောင့်တော့စောင့်ကြည့်နေပါတယ်။ ဒီကောင့် အကြောင်းစံုကိုတော့ ကျွန်တော်မသိဘူး CEO... David ကတော့ သေချာသိမယ်ထင်တာပဲ"
အူကြောင်ကြောင်နှင့် ဖင်ကုတ်၊ခေါင်းကုတ်လုပ်နေသည့် မျက်စိရေှ ့ရှိအကောင်အား ဒီအခန်းထဲကနေ သူ့အိမ်အထိပြန်ရောက်သွားအောင်ကို ကန်ထုတ်ပစ်လိုက်ချင်သည်။ Davidကိုဒီနေ့မနက်flightနဲ့ Koreanပိို့လိုက်ပြီဆိုတာကို သူမသိလေရော့သလား။
"Davidကဘယ်မှာလဲ Sam"
"Koreanမှာလေ CEO... CEOပဲ မနက်ကလိုက်ပို့လိုက်သေးတယ်လေ။ မေ့သွားပြီလားဗျ"
"Sam... မင်း!"
ရွဲ့ပြီးမေးလို့မေးမှန်းလည်း မသိပါ။ သူကတောင်ကိုယ့်ကိုယ်ပြန်ပြီး မေးမြန်းခန်းပြန်ဖွင့်နေသေး၏။ ဘယ်လိုစိတ်၊ဘယ်လိုအတေွးတေွနဲ့များ ဒီကောင့်ကိုကျွန်တော် အတွင်းရေးမှူးခန့်ခဲ့မိပါလိမ့်။
"သွားတော့ Sam... မင်းလုပ်လက်စအလုပ်တေွကိုပဲ သွားလုပ်နေလိုက်တော့... မင်းနဲ့စကားပြောရတာ ကြာရင်ငါသေွးတက်ပြီး သေမယ်... သွား မြန်မြန်"
"ဟုတ်ကဲ့ပါ CEO"
မျက်စိရေှ ့မှခပ်ကုပ်ကုပ်ထွက်သွားသော အကောင်အားကြည့်ကာ ခေါင်းသာခါမိသည်။
"David ရေ...မင်းကတော့ငါ့ကို ဒီအရူးကောင်နဲ့စိတ်ချလက်ချကို ထားခဲ့ပြီပေါ့... ဟား... အခုတောင်ဒီကောင်နဲ့ခဏလေး စကားပြောမိတာ ရူးချင်လာသလိုပဲ"
![](https://img.wattpad.com/cover/227546149-288-k229575.jpg)
YOU ARE READING
Second Person (Season_1)(Completed)
Fanfictionငေွရောင်လက်စွပ်နှစ်ကွင်းနဲ့ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ပြီးတော့ ခံစားချက်တေွကို ဝန်ခံမိတဲ့အခါမှာ သက်ရောက်လာမယ့်ကျိန်စာ... Kim Tae Hyung X Jeon Jung Kook Start date _ 8.7.2020 End...