Part_33​ (Unicode)​

1K 108 16
                                    

"ရပ်လိုက်!!!"

စက်ရံုအပျက်ကြီးတစ်ခုအတွင်း ကျယ်လောင်စွာထွက်ပေါ်လာသော အသံနှင့်အတူ ပြေးလာနေပံုရသည့် ခြေသံတစ်စံုတစ်ရာကို နားထဲကြားရသည်။

တင်းကြပ်စွာဖျစ်ညှစ်ထားသော​ လည်ပင်းထက်မှလက်တို​့​ ပြေကျသွားသည်။ မျက်လံုးတေွဟာ သခင်၏ အလိုမပါပဲ ဖျက်ခနဲပွင့်သည်။

"Moo"

"Sa... Saka"

Moo၏မျက်နှာအမူအရာဟာ ခက်ထန်လွန်းသည်။ ကျွန်တော်ရှိရာမလာပဲ​ Han Rae Inရှိရာသို့ ဒေါသတကြီးဖြင့် ခြေလှမ်းကျဲကျဲလှမ်းကာ သွားသည်။

ဖြန်း!!!

Mooသည် Han Rae In၏ ပါးပြင်အား သူမ၏လက်ဖဝါးဖြင့် အရှိန်ပြင်းပြင်းရိုက်ချလိုက်သည်။ အရိုက်ခံရသူ Rae Inဟာ သူ့ပါးသူကိုင်ရင်းအရူးတစ်ယောက်လိုပဲ ပြုံးနေခဲ့၏။ ခံပြင်းသည့်ပံုလည်းမရှိပါ။

"ရူးနေလား ဟမ်... ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်နိုင်တဲ့​ သောက်ရူးပဲနင်က... အကယ်၍များ​ သေသွားရင် ဘယ်လိုလုပ်မလဲ။"

ဘယ်ကဘယ်လိုရောက်လာမှန်းမသိသည့် သေနတ်တစ်လက်ဟာ Moo၏ လက်ထဲမှာ...

"ကျွန်တော်... ကျွန်တော်စိတ်နည်းနည်းလွတ်သွားလို့ပါ။ တောင်းပန်ပါတယ်။"

Mooသည် Han Rae Inအား​ ကေျာခိုင်းကာ ကျွန်တော်ရှိရာ လှမ်းလာသည်။ မျက်နှာပေါ်က ခက်ထန်မှုတေွဟာ အရာမယွင်းသေးပေ။

"​ရော့... ဒါကိုစား..."

ပေါင်ပေါ်ကိုပြစ်တင်လာသည့် အထုပ်ကလေးတစ်ထုပ်။ ခြေတေွလက်တေွ ကြိုးတုပ်ခံထားရသည့် ကျွန်တော်ဟာ ဒါကိုဘယ်လိုစားရမည်လဲ။

"​ဘယ်လိုစားရမလဲ။"

အနောက်ဘက်ကို မျက်စပစ်ပြရင်း ပြောလိုက်သည်။ ကြိုးဖြေပေးမည် အထင်နှင့်ပြောလိုက်ခြင်းပင်။ သို့သော်​ ကျွန်တော်ထင်ထားသလို ဖြစ်မလာပါ။ Mooဟာ အသားယူသည်။ စားပွဲခံုနားကခံုလေးတစ်ခံုသွားယူပြီး ကျွန်တော့်နားပြန်လာထိုင်သည်။ ပေါင်ပေါ်ကအထုပ်ကလေးကို ပြန်ယူပြီး အထုပ်ကိုဖြေသည်။

"ကြိုးဖြေပေးလိုက်ရင် ထွက်ပြေးမှာစိုးလို့"​

သံစည်ပိုင်းကြီးအားကေျာမှီထိုင်နေသည့်Han Rae Inကြားအောင် တမင်ကျယ်ကျယ်ပြောသည်ဟု ဘာကြောင့်​ ကျွန်တော့်စိတ်ထဲထင်နေရသည်လဲ။ Han Rae Inကိုကြည့်မိတော့ မျက်လံုးများကိုမှိတ်ကာ စိတ်ငြိမ်အောင်​လုပ်နေသည်ကို တေွ​ ့ရသည်။

Second Person (Season_1)​(Completed)​Where stories live. Discover now