[NEW] EPISODE_35

1.7K 121 15
                                    

Unicode💜

                      ရင်ခုန်တယ်။
        အတိတ်​က​ ချစ်ခြင်းမေတ္တာတစ်ချို့ဟာ
                  စစ်မှန်ခဲ့လို့​ ဒီဘဝမှာ
     ဒီလိုရင်ခုန်ခြင်းမျိုး​ သက်ရောက်တယ်ထင်ရဲ့။    

                   -​Kim Tae Hyung-

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

"မင်းသိပ်ကံကောင်းတယ် Kim Tae Hyung"

ဓားမြောင်အစွန်းကို လက်ညှိုးဖြင့်ပွတ်သပ်ကာ​ ပြောလာသည်။ Han Rae Inဟာ သိပ်ကိုမိုက်ရူးရဲဆန်သည့်လူသားတစ်ဦးပင်။ အခုလည်း အဓိပ္ပာယ်မရှိသည့်စကားတစ်ခွန်းကို ဆိုလာပြန်၏။

"အခုလိုနေနေရတာကို ငါကသိပ်ကံကောင်းနေတာပေါ့... ဒါဆို​ ငါ့နေရာ မင်းလာနေကြည့်ပါလား။"

"နေချင်တာပေါ့။ နေချင်တာ တစ်ပိုင်းကိုသေလို့... ဒါပေမယ့်ငါက မင်းမှမဟုတ်တာ"

"သတ်လိုက်... ငါ့ကို​သတ်လိုက်​ Han Rae​ In... ဒါဆို  အားလံုးအေးချမ်းသွားလိမ့်မယ်။"

"ဟားဟားဟားဟား... ဟားဟားဟားဟား... "

ရယ်သည်။ ဟက်ဟက်ပက်ပက်ကိုရယ်သည်။ ကျွန်တော့်စကားထဲမှာ​ ရယ်စရာစကားတစ်ခွန်းတလေများ  ပါသွားခဲ့လေသလား။

"​မင်းအေးချမ်းပေမယ့် ငါမအေးချမ်းဘူး။ မင်းကိုသတ်လိုက်ရင် ငါ့ကိုသူမုန်းသွားလိမ့်မယ်။ ငါ့ကိုသူ မုန်းသွားလိမ့်မယ်... ကွ"

ဟော....

မျက်ရည်တေွကျနေပြန်ပြီ။

အခုရယ်.... အခုငိုဖြင့် သိပ်ကိုနားလည်ရခက်လှသည်ပင်။

"ဘယ်သူက​ ခင်ဗျားကိုမုန်းမှာလဲ။ ဘာကြောင့်လဲ။"

"Sakaက ငါ့ကိုမုန်းသွားလိမ့်မယ်။ သူသိပ်ချစ်ရတဲ့မင်းကို သတ်ပြစ်တယ်ဆိုပြီးတော့လေ။"

မျက်ခမ်းစပ်တေွဟာ ရဲရဲနီသည်။ မျက်ရည်တေွကျနေသေးသော်လည်း Han Rae Inဟာ​ မသုတ်ဖယ်ခဲ့။ 'သူသိပ်ချစ်ရတဲ့မင်း'​တဲ့... ဒါဆိုMooက ကျွန်တော့်ကိုချစ်နေသည်ပေါ့။

ရင်တေွခုန်ရပါသည်။ ကျွန်တော်ချစ်ရသူဟာ​ Hyungဆိုပေမယ့် ထိုစကားကိုကြားရချိန်မှာ ရင်ခုန်မိသည်။

Second Person (Season_1)​(Completed)​Where stories live. Discover now