[NEW] ENDING❤️

2.3K 92 9
                                    

ဆေးလိပ်တစ်လိပ်ကိုမီးညှိ၊
ချောင်မှာတိတ်ဆိတ်စွာထိုင်ရင်း...
ဘီယာဘူးထဲမှလက်ကျန်ဘီယာအား တစ်ကျိုက်တည်းမော့ချသည်။

မနက်ဖြန်ဆို ကျွန်တော်လက်ထပ်ရတော့မည်။ သို့သော် ကျွန်တော့်စိတ်ထဲဇဝေဇဝါဖြစ်နေဆဲ။ ကျွန်တော်သာလက်ထပ်လိုက်ရင် ကျိန်စာတွေဟာအမှန်တကယ်ပြေသွားလိမ့်မည်လား။ သို့မဟုတ် ဒါဟာ တစ်စုံတစ်ယောက်ကိုပိုမိုနာကျင်စေမည့် လှည့်ကွက်တစ်ခုလား။ Mori Sakaအညှိုးထားသည့်သူဟာ ကျွန်တော်နှင့်ကလေးငယ်နှစ်ယောက်ထဲက ဘယ်သူဖြစ်မလဲ။ အဖြေမရှိတဲ့မေးခွန်းများစွာဟာ အတွေးထဲဒလဟောစီးဆင်းနေသည်။

"Hyung နေရတာအဆင်ပြေလား။"

"အင်း"

ထိုတစ်ခွန်းသာဖြေပြီး ကျွန်တော်ဘီယာတစ်ဘူးအားဖောက်ကာ မော့လိုက်သည်။ လည်ချောင်းထဲပူဆင်းသွားငည့်အရသာဟာ သိပ်ကို‌ခံစားလို့ကောင်းသည်။ ကလေးငယ်ဟာ အခုနောက်ပိုင်းတွင်တစ်ရက်ခြားတစ်ခါအိမ်သို့လာလေ့ရှိသည်။ စကားလုံးကြမ်းကြမ်းတွေနှင့်နှင်ထုတ်ပြန်တော့လည်း မသိဟန်ဆောင်ကာဆက်လာနေဆဲ။ သို့ကြောင့် ကျွန်တော်တတ်နိုင်သမျှကလေးငယ်အား ဥပေက္ခာပြုထားနိုင်ဖို့ကြိုးစားရသည်။ ကိုယ့်ကြောင့်သူ့ကိုမနာကျင်စေချင်ပေမဲ့ တကယ်တမ်းနာကျင်နေရသူက ကိုယ်ကိုယ်တိုင်ဖြစ်မှန်းမသိဖြစ်လာရ၏။

"ကိုကြီးရောက်နေလို့ ခဏနေပြန်‌ရမယ်၊ မနက်ကျရင်တော့ သွားရမယ့်အရေးကြီးကိစ္စရှိ‌ေပမယ့် မသွားခင်ခဏဝင်လာခဲ့မယ်။"

"အင်း"

"တအင်းထဲအင်းနေ၊ စကားလေးဘာလေးပြန်‌ေြပာပါဦး။"

အခန်းထဲရှိရှုပ်ယှက်ခတ်နေသည့်ပစ္စည်းများကို ကောက်သိမ်းရင်း ဆိုလိုက်သည်။ အခုတလော Hyungဟာတော်တော်လေး စကားနည်းလာသည်။ အင်း... တစ်ခွန်းတစ်ခွန်းထပြောလိုက်လျှင်လည်း ရိုက်ပေါက်ချည်းပင်။ Hyungကတစ်ခါတ‌လေဆို ကျွန်တော်မသိအောင်ချောင်မှာကြိတ်ငိုတတ်သေးသည်။ တစ်ခါတလေကျပြန်တော့လည်း တစ်အိမ်လုံးကြားအောင် တဟားဟားနှင့်အော်ရယ်တတ်ပြန်၏။ ဆေးရုံဆင်းပြီးနောက်ပိုင်းမှာ Hyungရဲ့ပုံစံဟာ နားလည်ရခက်လာခဲ့သည်။ အရင်ကကျွန်တော်ချစ်ခဲ့ရတဲ့ Hyungရဲ့ပုံစံဟာ အခုဆိုစိတ္တဇဖြစ်နေသည့်psychoတစ်ယောက်နှင့်အလားသဏ္ဌာန်တူလာသည်။

Second Person (Season_1)​(Completed)​Where stories live. Discover now