"အဖေ ကျွန်တော်ပြန်ရောက်ပြီ။"
ခေါင်းငိုက်စိုက်ချကာလွတ်နေသောဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီး အဖေဖြစ်သူအားပြောလိုက်တယ်။ အဖေဖြစ်သူကသတင်းစာဖတ်နေရင်းမှ ကျွန်တော့်အားမျက်လုံးလှန်ကာ ကြည့်လာတယ်။
"နောက်ကျလှချည်လား? ဘယ်တွေသွားနေလို့လဲ မင်း..."
"စိတ်ရှုပ်လို့ နည်းနည်းသွားသောက်လာတာ...အဖေကရော မအိပ်သေးဘူးလား?"
ကျွန်တော့်အမေးကိုအဖေဖြစ်သူက ဖတ်နေသည့်သတင်းစာမှမျက်လုံးမခွာပဲ ပြန်ဖြေလာတယ်။
"မင်းကိုစောင့်နေတာလေ...မေးစရာရှိလို့။"
"ဘာကိုလဲ အဖေရဲ့..."
"Kim Myung Sooရဲ့သားဆိုတဲ့ မိုးပေါ်ကကျလာတဲ့အကောင်အကြောင်းလေ..."
"အဲ့တာသားလည်းမသိဘူးလေ အဖေရာ...သူတို့မှာကလေးနောက်တစ်ယောက်ရှိတယ်ဆိုတာ အဖေရောမသိဘူးလား?"
ဖတ်လက်စသတင်းစာကို အရှေ့မှခုံပေါ်သို့ပစ်တင်လိုက်ရင်း သက်ပြင်းတစ်ချက်ကိုချတယ်။ ပြီးနောက်...
"မသိဘူး...ငါတင်မဟုတ်ဘူး...ဘယ်သူမှလည်းမသိကြဘူး...ဒီကိစ္စကို..."
"အဲ့တာဆိုအခု ဘယ်လိုလုပ်ကြမလဲအဖေ..."
"မသိသေးဘူး...အခုလောလောဆယ်တော့ သူ့အလိုကျမျှောသာလိုက်နေလိုက်ငါ့သား...ပြီးတော့ သူ့ရဲ့ယုံကြည်မှုကိုရအောင်ယူရမယ်။"
"ဟုတ်ကဲ့ အဖေ...ဒါနဲ့ သား အဖေ့ကိုတစ်ခုပြောရဦးမယ်။"
"ပြောလေ ဘာကိစ္စလဲ?"
"ဒီေန့Mori Sakaနဲ့ သားအဆက်အသွယ်လုပ်ခဲ့တယ်။"
"ဘာ!!! မင်းကိုငါဘာမှမခိုင်းထားဘူးလေ...Han Rae In"
အဖေသည်Mori Sakaဆီမှ ဆေးများကိုဝယ်ယူကာ ဒီဘက်နိုင်ငံတွင် ပြန်ရောင်းချတဲ့အလုပ်ကိုလုပ်တယ်။ ဆေးတော့ကိုယ်တိုင်မသုံးဆွဲပါ။ ထို့အတူ ကျွန်တော့်ကိုလည်း သုံးစွဲခွင့်မပေးပေ။ Mori Sakaနှင့်လည်း ဆေးဝယ်မှသာ အဆက်အသွယ်လုပ်ခိုင်းတယ်။ ဆေးကိုကျွန်တော်ကိုယ်တိုင် သွားယူရတယ်လေ။
အဖေဖြစ်သူ၏ ဒေါသကြောင့်နီရဲနေသောမျက်နှာကိုကြည့်ကာ ကျွန်တော်နည်းနည်းတော့ တုန်လှုပ်သွားရတယ်။ ထို့အတူ ပြောမည့်စကားများတောင် လည်ချောင်းဝတွင် ရပ်တန့်သွားရ၏။
YOU ARE READING
Second Person (Season_1)(Completed)
Fanfictionငေွရောင်လက်စွပ်နှစ်ကွင်းနဲ့ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ပြီးတော့ ခံစားချက်တေွကို ဝန်ခံမိတဲ့အခါမှာ သက်ရောက်လာမယ့်ကျိန်စာ... Kim Tae Hyung X Jeon Jung Kook Start date _ 8.7.2020 End...