"ဒီနေ့တော့ Taxiနဲ့ပဲသွားရမယ်နဲ့တူတယ်။ Oppaက..."
"ရပါတယ် Noonaရဲ့ အဆင်ပြေသလိုပေါ့"
Noonaပြောလာမည့် အကြောင်းပြချက်အား နားမထောင်လဲသိနေသည်မို့ စကားဖြတ်ကာပြောလိုက်သည်။
"မနက်စာစားသွားရအောင် Noona... ကျွန်တော် ဗိုက်ဆာလို့"
"အင်း စားလေ Tae Hyung"
Hotelထဲမှာပဲရှိသေးသည်မို့ အခြားဆိုင်သွားမစားတော့ပဲ Hotel restaurant ထဲပဲဝင်လာလိုက်သည်။ စားသောက်ခန်းထဲစဝင်လိုက်သည်နှင့် waiterလေးတေွရုပ်ရုပ်သဲသဲဖြစ်သွားကာ ကျွန်တော်ရှိရာ အပြေးအလွှားရောက်လာကြသည်။
"CEO... ဒီဘက်ကိုကြွပါ။"
"အင်း"
Waiterကောင်လေးသည် ထောင့်ကျကျဝိုင်းတစ်ခုတွင် ကျွန်တော်တို့ကိုထိုင်စေကာ menu ကဒ်လေးတစ်ကဒ် ထုတ်ပေးလာပါသည်။
"CEO စားချင်တာကိုပြောပါ။ Menuထဲမှာမရှိတဲ့ဟာလည်း ကျွန်တော်တို့ရအောင် လုပ်ပေးပါ့မယ်။"
တရိုတသေပြောနေသည့် waiterကောင်လေးကြောင့် ကျွန်တော်မနေတတ်တော့ပါ။ သို့ကြောင့်
"အဲ့လောက်ကြီးလည်း မလိုပါဘူးကွာ... ထမင်းကြော်တစ်ပွဲပေး... Americano တစ်ခွက်နဲ့... Noonaကရော"
Waiterကောင်လေးကိုမှာရင်းနှင့် Noonaဘက်လှည့်ကာမေးလိုက်သည်။ ဒါကိုNoonကအားနာနေသည့် ပံုဖြင့် အတင်းငြင်းလာလေသည်။
"မစားတော့ပါဘူး CEO... အိမ်ကနေစားခဲ့ပြီးပါပြီ။"
"အဲ့တာဆို ကျွန်တော်လည်းမစားတော့ဘူးဗျာ... တစ်ယောက်တည်းစားရတာ အရသာမရှိဘူးဗျ"
ပြောရင်းနှင့်ထထွက်ဖို့ ပြင်လိုက်သည့်အချိန်တွင် Noonaသည် ကျွန်တော့်လက်အားခပ်ဖွဖွဆွဲကိုင်လာပါသည်။
"ထိုင်ထိုင်...စားပါ့မယ်။"
"အဲဒီ့လိုမှပေါ့...ဘာစားမှာလဲ?"
ကျွန်တော့်အမေးကြောင့် Noonaကခေါင်းကုပ်ကာ...
"CEO မှာသလိုပဲ..."
"ဟုတ်ပြီ... ခုနကမှာသလိုပဲ နှစ်ပွဲလုပ်ပေးနော်။ မြန်မြန်လေး"
YOU ARE READING
Second Person (Season_1)(Completed)
Fanfictionငေွရောင်လက်စွပ်နှစ်ကွင်းနဲ့ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ပြီးတော့ ခံစားချက်တေွကို ဝန်ခံမိတဲ့အခါမှာ သက်ရောက်လာမယ့်ကျိန်စာ... Kim Tae Hyung X Jeon Jung Kook Start date _ 8.7.2020 End...