Part_23 (Unicode)​

1K 104 6
                                    

"Sora​ ဒါကတစ်ပတ်စာ စာရင်းချုပ်... စာရင်းကသေချာစစ်ပြီးပြီ။ CEOကိုလက်မှတ်ထိုးခိုင်းရံုပဲနော်။"

"ဟုတ်ပြီ။ ထားခဲ့လိုက်နော်။"

စာရင်းစစ်ဌာနက ကောင်မလေးလာပေးသွားသည့် fileကိုကြည့်ကာ သက်ပြင်းသာအကြိမ်ကြိမ်ချမိသည်။ Tae Hyungနှင့်မျက်နှာချင်းမဆိုင်ချင်သေးသော်လည်း အလုပ်နှင့်ကိုယ်ရေးကိုယ်တာ တကန့်စီထားသင့်တာကြောင့် fileကိုလက်ဝယ်ပိုက်လျက် အခန်းရှိရာခြေလှမ်းရသည်။

ေဒါက် ဒေါက်​ ဒေါက်...

"​ဝင်ခဲ့မယ်နော် Tae Hyung"

"ဟုတ်​ ဝင်ခဲ့လေ​ Noona"

ခြေလှမ်းကိုခပ်သွက်သွက်လှမ်းကာ Tae Hyungရှိရာအလုပ်စားပွဲဆီသို့ သွားလိုက်သည်။

"ဒါက​ Hotelဝင်ငေွ၊ထွက်ငေွ တစ်ပတ်စာစာရင်းတဲ့... စာရင်းစစ်ဌာနကအခုပဲလာပေးသွားတာ"

"ဟုတ်​ ထားခဲ့လိုက်လေ Noona... ကျွန်တော်စစ်လိုက်ပါ့မယ်။"

"စစ်စရာမလိုတော့ဘူူးတဲ့... သူတို့သေချာစစ်ပြီးပြီလို့ပြောတယ်။ လက်မှတ်ထိုးပေးရံုပဲ"

Noonaစကားကြောင့် Tae Hyung၏ မျက်ခံုးတို့ အလိုလိုတွန့်ချိုးသွားရသည်။

"​အင်း​ ဒါဆိုလဲ လက်မှတ်ပဲထိုးလိုက်ပါ့မယ်။ Noonaလဲ လုပ်စရာရှိတာလုပ်တော့လေ။"

"​ဒါဆို​ သွားပြီနော်။ လိုရင်ဖုန်းနဲ့လှမ်းခေါ်လိုက်ချေ။"

"​ဟုတ်ကဲ့ပါဗျာ"

Noonaအခန်းထဲကထွက်သွားတာနှင့် လက်မှတ်ထိုးလက်စfileအချို့ကိုဘေးဖယ်ကာ စာရင်းစာရွက်fileအား လက်လှမ်းမိသည်။

"ဘာကြောင့်များ အတင်းကိုလက်မှတ်ထိုးခိုင်းတာပါလိမ့်"

စာရွက်အားတစ်ရွက်ပြီးတစ်ရွက်လှန်ကာ ဖင်တပြန်ခေါင်းတပြန်ကြည့်လိုက်သည်။ စာရင်းစာရွက်မှာ8ရွက်မျှသာရှိ၏။

ပထမတစ်ရွက်ဟာ တစ်ရက်စာစာရင်းချုပ်ဖြစ်ပြီး နောက်6ရွက်လည်း ထိုနည်း၎င်းပင်။ နောက်ဆံုးကစာရွက်ကတော့ အကုန်လံုးကိုပေါင်းချုပ်ထားသည့် စာရင်းစာရွက်ပင်ဖြစ်သည်။

Second Person (Season_1)​(Completed)​Where stories live. Discover now