Part_36​ (Unicode)​

1.2K 112 18
                                    

အသက်မဲ့နေသည့်ကောင်ငယ်လေး၏ ခန္ဓာကိုယ်လေးအား​ ပေွ ့ချီကာဆေးရံုအတွင်းသို့​ ပြေးဝင်လာသော ကောင်လေးတစ်ယောက်။

နောက်ပြီး...

ကောင်လေး၏ဘေးတွင် မြင်မကောင်းလောက်အောင် သေွးတေွစွန်းပေနေသည့် ရှပ်အင်္ကျီအဖြူလေးနှင့်ကောင်မလေးတစ်ယောက်။

သူတို့ဟာ ဆရာဝန်တေွကိိုအသည်းအသန် အကူအညီတောင်းနေကြသည်။ ကောင်ငယ်လေး အသက်ရှင်ဖို့အတွက်။

"ကေျးဇူးပြုပြီး ကယ်ပေးပါ။"

ကောင်မလေး၏နှုတ်မှ ထွက်ကျလာသောစကားတစ်ခွန်း။ ဆရာဝန်လေးဟာ သူလုပ်စရာရှိတာကိုလုပ်သည်။ စစ်ဆေးစရာရှိတာကို စစ်ဆေးသည်။ နောက်ပြီးတော့ ခေါင်းကိုတွင်တွင်ခါသည်။ ဆရာဝန်လေးကပြောသည်။

"လူနာက အသက်မရှိတော့ဘူး"​တဲ့။

ကောင်မလေး​ဟာ​ ခေါင်းကိုရမ်းသည်။ ဘေးကကောင်လေးကတော့ ကေျာက်ရုပ်တစ်ရုပ်လိုငြိမ်သက်နေသည်မှာ​ အသက်တောင်ရှူနေသေးရဲ့လား မသိပေ။

ဖြန်း!!!

ရိုက်ချက်သည် ပြင်းသည်။ သို့သော်​ ကောင်လေးဟာ ငြိမ်သက်နေဆဲ။

"နင့်ကြောင့်... သေရမှာသူမဟုတ်ဘူး။ နင်ဟ... နင်သေရမှာလို့!!!"

ကောင်လေး၏အင်္ကျီစအားဆွဲဆုပ်ကာ ကောင်မလေးကဆိုသည်။

ကောင်လေးဟာ​ ငြိမ်သက်မြဲ။ ငြိမ်သက်ဆဲ။

"စိတ်ကိုထိန်းပါ​ မိန်းကလေး... ကောင်လေးရဲ့ဗိုက်မှာ ဓားချက်သံုးချက်တေွ ့တယ်။ ဒါကြောင့်​ ရဲစခန်းကိုအကြောင်းကြားရလိမ့်မယ်။"

"​ဟုတ်ကဲ့ပါ။"

ကောင်မလေးဟာ ခေါင်းငြိမ့်လက်ခံသည်။ ဒါဆို​ ကောင်လေးကရော...

"အဆင်ပြေသလိုလုပ်ပါ။ အင်း... အဆင်ပြေသလိုပေါ့။"

ဆရာဝန်လေးဟာ nurseနှစ်ယောက်ကို အခန်းအတွင်းထားခဲ့ကာ ထွက်သွားလေပြီ။ တိတ်ဆိတ်နေသည့် အခန်းလေးထဲမှာ... အသက်မဲ့နေသည့်ကောင်ငယ်လေးတစ်ယောက်။ မလှုပ်မယှက်ငြိမ်သက်နေသည့် ကောင်လေးတစ်ယောက်။ အသံမထွက်အောင်ကြိတ်ငိုနေသည့် ကောင်မလေးတစ်ယောက်နဲ့ nurse နှစ်ယောက်။

Second Person (Season_1)​(Completed)​Where stories live. Discover now