Part_5 (Unicode)

2.1K 187 3
                                    

"Papa...သား​ Papaကိုပြောစရာရှိလို့။"

တိတ်ဆတ်နေသောမနက်စာစားဝိုင်းအတွင်​း ဖြိုခွင်းထွက်လာသောကျွန်တော့်အသံကြောင့် အားလံုးကကျွန်တော့်ကိုလှမ်းကြည့်လာတယ်။ မားကတော့ကျွန်တော်ပြောမယ့် စကားကို​သိနေပါလိမ့်မည်။

"အေး ပြောလေသား...ပိုက်ဆံလိုလို့လား။"

"မဟုတ်ဘူး​Papa...စားပြီးမှပဲဧည့်ခန်းမှာပြော‌ေတာ့မယ်။"

မနက်စာစားဝိုင်းမှာစိတ်အနေှာက်အယှက် မဖြစ်စေရန်အလို့ငှာ ကျွန်တော်ပြောမယ့်စကားတေွကို ခဏတာမျိုသိပ်နေဖို့ရာ ဆံုးဖြတ်လိုက်တယ်။

"အေးပါကွာ...သားလုပ်တာနဲ့Papaတောင်​ သိချင်လာပြီ။စားစား မြန်မြန်..."

"ဟုတ်"

မနက်စာစားပြီးသည်နှင့်ဧည့်ခန်းထဲသို့သာ​ တန်းဝင်လာလိုက်သည်။ Papaကတော့အရင်စားပြီးတာကြောင့် ဧည့်ခန်းထဲမှာသတင်းစာဖတ်ရင်း​ ကျွန်တော့်ကိုစောင့်နေလေရဲ့။

"Papa..."

ကျွန်တော်ခေါ်လိုက်တော့ Papaကသတင်းဖတ်နေရင်းမှ မော့ကြည့်လာတယ်။

"ပြောလေသား...သားဘာလိုချင်လို့လဲ?"​

"သား...Seoulကိုပြန်တော့မလို့Papa..."

Papaရဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ ဆိုဖာပေါ်ဝင်ထိုင်ရင်း အေးဆေးစွာပြောလိုက်တယ်။

"ဟမ်..."

"သား...Seoulကိုပြန်တော့မယ်လို့ပြောတာ... ဟိုကHotelကိုသားကို လွှဲပေးတော့Papa...Papaလဲနားသင့်နေပြီမဟုတ်လား။"

"သားကိုPapaစိတ်မချဘူး...သားအဘိုးပြော..."

အလွတ်ရ‌နေပြီဖြစ်တဲ့စကားလုံးများအား စတင်ပြောဆိုတော့မည်ကိုသိလိုက်တာကြောင့်​ Papaရဲ့စကားမဆုံးခင်​ ကျွန်တော်ဖြတ်ပြောလိုက်တယ်။

"ဒီစကားပဲလာပြန်ပြီ... ကျေးဇူးပြုပြီး သားကိုဒီစကားတွေ မပြောပါနဲ့တော့လား... ကေျးဇူးပြုပြီး"​

"ပြောမရလဲသွားပါသား...ဒါပေမယ့်ပါးတို့ဆီကိုတော့အမြဲဖုန်းအဆက်အသွယ်လုပ်ရမယ်နော်။"

Papaကအမြဲကျွန်တော့်ကို လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပေးတယ်။ Momနဲ့မတူဘူး။ Momကအမြဲကျွန်တော့်ကို ထိန်းချုပ်နေတာ။ ဒါကြောင့်လည်း ကျွန်တော့်မှာအိမ်ကမိသားစုကလွဲပြီး တစ်ခြားအသိတစ်ယောက်မှမရှိဘူး။

Second Person (Season_1)​(Completed)​Where stories live. Discover now