ဒုတိယလူ...
ဘယ်လိုပဲအချစ်ခံခဲ့ရတယ်ပြောပြော
အဆုံးသတ်သူရွေးချယ်ခဲ့သူဟာ
ကိုယ်မဟုတ်ဘူးဆိုတဲ့အသိက
နာကျင်ရတာအမှန်။ကားများဖြင့်စည်ကားသိုက်မြိုက်နေသောလမ်းမကြီးမြင်ကွင်းအား တားဆီးထားသော အခန်းမှန်နံရံမှတစ်ဆင့်ငေးနေမိသည်။ တစ်စုံတစ်ယောက်ကိုမေ့နိုင်အောင် ဘယ်လိုပဲအလုပ်တွေသိမ်းကြုံးလုပ်လုပ် ညဘက်အိပ်ချိန်ကတော့စိတ်အာရုံဖြန့်ကျက်ဖို့ အကောင်းဆုံးအချိန်လေ။ နေ့ဘက်မှာဘယ်လိုပဲမတွေးမိအောင်နေနေ ညရောက်ရင်တော့ အတွေးထဲသူဟာအလိုလိုဝင်လာတတ်မြဲ။
နေမှကောင်းရဲ့လား...
သတို့သမီးလောင်းနဲ့ အဆင်မှပြေနေပါရဲ့လား...
အစားရောပုံမှန်စားရဲ့လား...
အလုပ်အကိုင်ရော အဆင်ပြေနေရဲ့လား... စတဲ့လာေပါင်းများစွာေသာမေးခွန်းတွေဟာ နေ့တိုင်း ကျွန်ေတာ့်အတွေးနယ်မြေထဲကျက်စားဆဲ။တကယ်တော့Hyungကျွန်တော့်ကို အချိန်တန်ရင်ထားခဲ့မယ်ဆိုတာ Mooပြောပြခဲ့တာမဟုတ်ပေ။ Rae In Hyungက ဆေးရုံဆင်းမည့်နေ့တွင်ကျွန်တော့်အား Mooနှင့်Hyungကြားထားရှိသည့် ကတိတစ်ခုအကြောင်းပြောပြခဲ့သည်။ ဒါ့အပြင် သူလည်းခိုးနားထောင်ရင်းမှကြားခဲ့ရသည့်အကြောင်း၊ ဘာမှမသိရပဲHyungထားခဲ့မည့်အချိန်ကျမှ ရူးမတတ်ဖြစ်ရမည့်ကျွန်တော့်ကိုမကြည့်ရက်သည့်အတွက် စောစီးစွာပြောပြထားခြင်းဖြစ်ကြောင်းလည်း ရှင်းပြခဲ့သေးသည်။ Noonaမှာကိုယ်ဝန်ရှိတဲ့ကိစ္စအကြောင်း Rae In Hyungကမပြောခဲ့ပေမယ့် ကြားရသည့်စကားတွေကိုဖြည့်စွက်တွေးကာ Hyungအားမရဲတရဲမေးခဲ့ခြင်းဖြစ်သည်။
'(၂)လရှိပြီ'ဆိုတဲ့အဖြေကြောင့် မျက်ရည်ကျမိသော်လည်း ဟန်ဆောင်ကောင်းစွာဖြင့် မျက်နှာသေနှင့်နေခဲ့သည်။ အပြစ်ရှိသူဟာကျွန်တော်တို့မို့ အပြင်လောကထဲရောက်မလာသေးသည့် ကလေးအပေါ်တော့စိတ်မဖြစ်ခဲ့။
"လွမ်းရပြန်ပါပြီ Hyungရယ်"
ဆေးလိပ်တိုတွေ။
ကြမ်းပြင်ပေါ်ပြန့်ကျဲနေသော ဆေးလိပ်အတိုအစတွေဟာ ကျွန်တော်မည်မျှထိချစ်ခဲ့ကြောင်း သက်သေဆိုယုံကြမလား။ Hyungကျွန်တော့်နားမှာမရှိတော့တဲ့နောက်ပိုင်း တစ်ခါမှမသောက်သုံးခဲ့ဘူးသော ပျင်းရှရှအရသာနဲ့ဆေးလိပ်တွေကို သောက်သုံးဖြစ်လာသည်။ အခုနောက်ပိုင်းဆို ကျွန်တော်ဟာ ဆေးလိပ်အငွေ့တွေကိုမြင်တိုင်း ပြုံးတတ်ခဲ့ပြီ။ ထိုအငွေ့အသက်တွေဟာ ကျွန်တော့်အတွက်မှီခိုစရာအေဖာ်မွန် ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။
YOU ARE READING
Second Person (Season_1)(Completed)
Fanficငေွရောင်လက်စွပ်နှစ်ကွင်းနဲ့ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ပြီးတော့ ခံစားချက်တေွကို ဝန်ခံမိတဲ့အခါမှာ သက်ရောက်လာမယ့်ကျိန်စာ... Kim Tae Hyung X Jeon Jung Kook Start date _ 8.7.2020 End...