Unicode🌻
"စားတောင်နေကြပြီလား။"
ကျွန်တော်နဲ့Rae In Hyungမှာ ထမင်းစားနေရင်းမှ မတိုင်ပင်ပါပဲ စကားသံလာရာမော့ကြည့်မိသည်။ Mooဟာ စားပွဲပေါ် ပါလာသည့်ပိုက်ဆံအိတ်အား ပစ်တင်လိုက်ကာ ခါးထောက်လျက်မတ်တပ်ရပ်ပြီး သက်ပြင်းကိုသာအကြိမ်ကြိမ်ချနေ၏။ Moo၏ထိုသို့သောအပြုအမူကိုမြင်တဲ့ Rae In Hyungဟာ မနေနိုင်မထိုင်ဖြင့် ကုတင်ဘေးရှိပလတ်စတစ်ခံုလေးအား သွားယူပေးသည်။ ကျွန်တော်ကတော့ မျက်စိရေှ ့ရှိလူသားနှစ်ယောက်ရဲ့ အပြုအမူတိုင်းကို တစ်ခုချင်းစီမျက်တောင်မခတ်တမ်း ငေးမောနေခဲ့မိ၏။
"ထိုင်လေ။ ဘာတေွစိတ်ညစ်စရာ ရှိနေလို့လဲ။"
ထိုင်ခံုကိုခြေထောက်နားထိတိုးပေးလို့ မေးမြန်းသူက Rae In Hyung...
Mooရဲ့ အကြည့်တေွဟာတော့ သူမယူလာသည့် ပိုက်ဆံအိတ်ဆီမှာပင်။ Rae In Hyungရဲ့အပြုအမူနဲ့ မေးမြန်းမှုကို သိဟန်ကြားဟန်မပေါ်တာကြောင့် မေနေတတ်မထိုင်တတ်စွာနဲ့ပဲ Mooခါးမှာထောက်ထားသည့်လက်တစ်ဖက်ကို ကျွန်တော်ဆတ်ခနဲ ဆွဲဆန့်လိုက်မိသည်။
"အ... ဘာလုပ်တာလဲကွာ... အတေွးတေွတောင် ဘယ်ရောက်ကုန်မှန်းမသိဘူး Tae Hyungကတော့လေ။"
စိတ်ဆိုးဟန်မပြ စိတ်ပျက်နေသောလေသံလည်း မဟုတ်တာကြောင့် ကျွန်တော်စိတ်မနည်းအေးသွားရသည်။ လုပ်သာလုပ်လိုက်ရတာ စိတ်ဆိုးသွားမှာတော့ ကြောက်မိ၏။
"ထမင်းစားပါဦးလား Saka"
"မစားတော့ဘူး။ ဖိတ်စာလာပေးတာ..."
Mooရဲ့စကားကြောင့် ပါးစပ်ဝနားရောက်နေသည့်ဇွန်းပင် လွတ်ကျသွားရသည်။ Rae In Hyungကိုကြည့်မိတော့ မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်လျက် မသိချင်ယောင်ဆောင်ကာ ထမင်းဆက်စားနေသည်ကို တေွ ့ရ၏။
"ရော့..."
ပေးလာသောဖိတ်စာတစ်စောင်ကို လှမ်းယူလိုက်ကာ Mooအားကျွန်တော် ခပ်ဖွဖွပြုံးပြလိုက်သည်။ အပြင်ပန်းမှာပြုံးနေနိုင်သော်ငြား ရင်ထဲမှာတော့ ဒူးရင်းသီးတေွသီးနေပြီဖြစ်၏။ Mooဟာကျွန်တော့်ကို ချစ်နေသည်လဲပြောသေးသည် အခုတော့ အခြားတစ်ယောက်နဲ့ လက်ထပ်တော့မည်တဲ့လေ။ စိတ်ထဲမကေျနပ်မှုကကြီးစိုးလာတာကြောင့် ငြိမ်နေသည့်Rae In Hyungအား တံတောင်ဖြင့်တွတ်ကာ သတိပေးရသည်။
![](https://img.wattpad.com/cover/227546149-288-k229575.jpg)
YOU ARE READING
Second Person (Season_1)(Completed)
Fanfikceငေွရောင်လက်စွပ်နှစ်ကွင်းနဲ့ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ပြီးတော့ ခံစားချက်တေွကို ဝန်ခံမိတဲ့အခါမှာ သက်ရောက်လာမယ့်ကျိန်စာ... Kim Tae Hyung X Jeon Jung Kook Start date _ 8.7.2020 End...