Part_17(Zawgyi)

695 48 4
                                    

"တကယ့်ကိုစိတ်ရှုပ်စရာပဲ"

ဟိုတစ်နေ့ကတွေ့ ခဲ့ရတဲ့​ကောင်လေးဟာ Mooရဲ့အတွေးတွေထဲ ဒီနေ့ဒီအချိန်ထိ​စိုးမိုးနေဆဲပင်။ အခုလည်း မနက်စောစောစီးစီး Coffeeထိုင်သောက်ရင်း ထိုကောင်လေးအကြောင်း တွေးမိနေပြန်ပါပြီ။ ထိုနေ့က Mooကြားလိုက်တာမမှားဘူးဆိုရင် ထိုကောင်လေးရဲ့နာမည်က Tae Hyung​ပင်။

"နာမည်အပြည့်အစုံက Kim Tae Hyung​ဖြစ်မလား?"

Rae Inပြောပြထားတဲ့ နာမည်နဲ့အသက်အရွယ်ရယ်နေထိုင်တဲ့နေရာချင်းပါ တူနေတာကြောင့် ထိုကောင်လေးဟာ သံသယဝင်စရာပင်။ နောက်ပြီး​ ထိုကောင်လေးဟာ Mooရဲ့စက်ရုပ်ကလေးနဲ့အလွန်တူသည်။ မသိရင် ချွတ်ပြီးစွတ်ထားသလိုပင်။

"ဟင်း"

တွေးရင်းတွေးရင်းနဲ့Mooရဲ့ စိတ်တွေဟာထိုစက်ရုပ်ကလေးကိုမတီထွင်ခင် တစ်ရက်ကမက်ခဲ့တဲ့ထူးဆန်းသည့်အိမ်မက်ကလေးဆီသို့ လွင့်မျောသွားပြန်ပါသည်။

****

"အသက်..."

"ရှင်..."

"ကိုကို့ရဲ့ပုံကိုတစ်ခါမှ မဆွဲပေးသေးဘူးနော် ချစ်သူသက်တမ်း2နှစ်အတွင်းမှာ"

ကိုကိုဆိုသူရဲ့အမေးကို အသက်ဆိုတဲ့ကောင်မလေးက ရယ်မောလျက်ပြန်ဖြေပါသည်။

"ဟား... ကိုကိုရယ်... အသက်ကမဆွဲပေးချင်လို့မှမဟုတ်ပဲ...အသက်အားတဲ့နေ့ကျကိုကိုကရောအားလို့လား?​ ဟင်​ ပြောပါဦး။"

မေးငေါ့ကာမေးလာသော ကောင်မလေးရဲ့အမေးကို ကောင်လေးဟာဖြေဆိုခြင်း မရှိခဲ့ပါ။ သက်ပြင်းတစ်ချက်ရှိုက်ရင်း တစ်ဖက်သို့လှည့်သွားလေသည်။

"ဖြေလေကိုကို"

သူမရဲ့အမေးအတွက် အဖြေမရှိသည်ကို မနှစ်သက်သည့်အလား ကောင်မလေး​ဟာထပ်မံ၍ ကောင်လေးထံမှအဖြေကို တောင်းဆိုလာပြန်ပါသည်။

"ကိုကိုတောင်းပန်ပါတယ် အသက်ရယ်... နောက်မဖြစ်စေရဘူးကွာ နော်"

"ကိုကိုကပြောလိုက်ရင် အမြဲအဲ့လိုကြီးပဲ... အသက်ကိုရောချစ်မှ ချစ်သေးရဲ့လားဟင်"

"​အင်း​ ချစ်တာ​ပေါ့... အသက်ရဲ့... ကိုကို့ဘဝမှာလေ မိဘတွေပြီးရင်နောက်ထပ်အချစ်ရဆုံးသူဟာ အသက်ပဲ... နောက်တစ်ယောက်ဆိုတာ မရှိဘူး။"

Second Person (Season_1)​(Completed)​Where stories live. Discover now