🌻'ချစ်တယ်'တဲ့
ချိုမြိန်လှပလွန်းတဲ့ စကားတစ်ခွန်းပါပဲ။သို့သော်
အဆိပ်ဆူးတေွလိုပဲ ကြားရတိုင်း
ရင်ထဲကအောင့်တယ်။🌻••••••••••••••••••••
"Jung Kookနဲ့Soraက နောက်လဆိုလက်ထပ်ကြတော့မှာ... သူတို့ကတွဲလာတာ ခြောက်နှစ်ကေျာ်ပြီ။ "
"ဗျာ!!!"
အံ့သြရသည်။ အတိုင်းအဆမရှိ။
မျက်လံုးတေွပါပြာကာ Hyungရဲ့ဦးခေါင်းထက် ယှက်ပြေးနေသောလက်တို့ပါ ပြေကျသွားရသည်။
"နောက်ဆုတ်ပေးလိုက်ပါ။ Soraမှာက နှလံုးရောဂါနဲ့...တစ်ခုခုလွဲခေျာ်သွားလို့ မဖြစ်ဘူး။ မင်းကညဏ်ကောင်းပါတယ်။ အစ်ကိုပြောချင်တဲ့စကားအဓိပ္ပာယ်ကို မင်းနားလည်မှာပါ။"
လုပ်ရက်လိုက်လေခြင်း... Hyungရယ်။
ကျွန်တော်ဒီအကြောင်းတေွလည်း ဘာတစ်ခုမှမသိခဲ့ရပါလား။ Hyungရဲ့Noonaအပေါ်ဂရုစိုက်မှုတေွကို အကြိမ်ကြိမ်တေွ ့မြင်ခဲ့ရပေမယ့် သူငယ်ချင်းအပေါင်းအသင်းတေွလို့သာ ထင်ခဲ့မိသည်။ သို့ကြောင့် အပြုံးလေးနဲ့သာ အမြဲကြည့်နေခဲ့မိ၏။
အခုတော့... အခုတော့... အားလံုးမှားကုန်ပြီ။
ဘယ်ကနေစပြီး မှားခဲ့သလဲဆိုတာ စဥ်းစားလို့တောင်မရတော့ပါ။
"ကျွန်တော့်ကို ပြန်ခွင့်ပြုဦး။ အခုလိုပြောပြလို့ကေျးဇူးပါ။"
စဥ်းစားဖို့အချိန်ယူရမည်။ ကျွန်တော် ဒီနေရာမှာ ကြာကြာမနေချင်တော့ပါ။ ဆက်ပြီးထိုးနှက်လာမည့် စကားလံုးတေွရဲ့ဒဏ်ကိုလည်း မခံနိုင်တော့တာကြောင့်ပင်။
•••••••••••••••••
"ဘယ်ကိုသွားဦးမလဲ Hyung"
Davidရဲ့Hyungဆိုတဲ့ခေါ်သံက ကျွန်တော့်အတွက် စိတ်အနှောက်အယှက်အတော်လေးဖြစ်ရသည်။ သို့သော် နောက်မှပြောမည်။ အခုတော့ ပြောချင်စိတ်မရှိသေးပါ။
"Hotelကိုပဲပြန်မယ် Bro... GPSက အလုပ်လုပ်ရဲ့လား?"
"အဆင်ပြေပါတယ်။ ထွက်ပြီနော်။"
![](https://img.wattpad.com/cover/227546149-288-k229575.jpg)
YOU ARE READING
Second Person (Season_1)(Completed)
Fiksi Penggemarငေွရောင်လက်စွပ်နှစ်ကွင်းနဲ့ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ပြီးတော့ ခံစားချက်တေွကို ဝန်ခံမိတဲ့အခါမှာ သက်ရောက်လာမယ့်ကျိန်စာ... Kim Tae Hyung X Jeon Jung Kook Start date _ 8.7.2020 End...