"စာရင်းတွေကအကုန်ကွာနေတယ် Noona... ကျွန်တော် Han Rae Inနဲ့တွေ့ ချင်တယ်။"
မနက်ကတည်းက Noonaသည်ကျွန်တော့်အား အရိပ်တကြည့်နှင့်ကြည့်နေ၏။ ဘာကြောင့်ဆိုတာ ကျွန်တော်သိပါသည်။ Hyungနှင့်ကိစ္စကိုသိသွားတာကြောင့် ကျွန်တော်ဘယ်လိုတုန့်ပြန်လေမလဲဆိုတာကို သိချင်နေတာကြောင့်ပဲ ဖြစ်ပါလိမ့်မည်။ ကျွန်တော့်ဘက်ကတော့ အရင်အတိုင်းပင်။ အပြုံးလေးနှင့်ပဲ ပြောဆိုဆက်ဆံသည်။ အလုပ်နှင့်ကိုယ်ရေးကိုယ်တာဟာ တစ်ကန့်စီမို့။
"အခုလား Tae Hyung"
"အင်း အခု"
"ခဏလေးစောင့်..."
Noonaသည်သူ့စားပွဲပေါ်မှ မှတ်စုစာအုပ်လေးအား ပြေးယူကာ ကျွန်တော့်ရှေ့ မှာတင် ဟိုလှန်ဒီလှန်လုပ်နေ၏။
"ဘာလုပ်နေတာလဲ Noona"
"ဖုန်းနံပါတ်ရှာနေတာ... သူ့ဖုန်းနံပါတ်က Noonaရဲ့ဖုန်းထဲမှာ မရှိဘူး။"
"အော်"
Noonaသည် စာအုပ်ကလေးအား ဟိုလှန်ဒီလှန်ဖြင့် ဖုန်းနံပါတ်အားဆက်၍ ရှာသည်။
"တွေ့ ပြီ။ Tae Hyungပြောမလား? Noonaပြောလိုက်ရမလား?"
"Noonaပဲပြောလိုက်ပါ။"
"ဒါဆိုspeakerဖွင့်ထားလိုက်မယ်။ နားထောင်လို့ရအောင်"
"ဟုတ်"
ခွင့်ပြုချက်ရသည်နှင့်Noonaသည် စာအုပ်ထဲရှိဖုန်းနံပါတ်လေးအား ဖုန်းထဲရိုက်ထည့်ကာ Han Rae Inဆီဖုန်းခေါ်လိုက်၏။
တီ... တီ...
"Hello..."
"Hello...CEOဟောင်း Han Rae Inလားရှင့်"
"ဟုတ်တယ်။ မင်းကဘယ်သူလဲ?"
"ကျွန်မက CEO Kim Tae Hyungရဲ့အတွင်းရေးမှူး Yoon Soraပါ။ CEOက လူကြီးမင်းကိုတွေ့ ချင်တယ်ဆိုလို့ အခုလို ဖုန်းဆက်လိုက်ရတာပါ။"
"Kim Tae Hyung ကလား"
"ဟုတ်ကဲ့ ရှင့်"
"ကောင်းပြီ။ အခုပဲလာခဲ့လိုက်မယ်... ကုမ္ပဏီကို"
"ဟုတ်ကဲ့ပါရှင့်...စိတ်အနှောက်အယှက်ဖြစ်စေမိရင်..."
တီ တီ တီ တီ...
YOU ARE READING
Second Person (Season_1)(Completed)
Fanfictionငေွရောင်လက်စွပ်နှစ်ကွင်းနဲ့ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ပြီးတော့ ခံစားချက်တေွကို ဝန်ခံမိတဲ့အခါမှာ သက်ရောက်လာမယ့်ကျိန်စာ... Kim Tae Hyung X Jeon Jung Kook Start date _ 8.7.2020 End...