စာရင်းစာအုပ်ပုံကြား ခေါင်းနှစ်ထားရသည်မှာ အချိန်မည်မျှကြာသွားပြီမသိပေ။ ဆုံလည်ကုလားထိုင်အား ကျောမှီကာ မျက်လုံးတို့ကိုခဏအနားပေးရင်း...
"ဘယ်အချိန်ရှိပြီလဲ Noona"
"5နာရီထိုးပြီ Tae Hyung... ခဏနားပြီးမှ ဆက်လုပ်ပါလား"
"ရပါတယ် Noonaရဲ့... ဒါနဲ့ ကျွန်တော့်ကို သံပုရာရည်တစ်ခွက်လောက် ဖျော်တိုက်ပါလားဟင်... ခေါင်းတွေနောက်လာလို့"
"ဒါဆို ခဏစောင့်... သွားဖျော်လိုက်မယ်။"
"ဟုတ်"
ကျွန်တော်စစ်သည့် တစ်လစာစာရင်းချုပ်Fileတိုင်းမှာ သုညတစ်လုံးစီပျောက်နေ၏။ 7လစာထိ စစ်ပြီးပြီပင်။ မနက်ကဌာနချုပ်မှူးပြောသည့်ပုံစံအတိုင်းဆို ဒီကိစ္စဟာ ရိုးရိုးသားသား တစ်ခါတလေမှားယွင်းမှုပုံစံမျိုး မဖြစ်နိုင်။ အသေအချာကို စနစ်တကျ မှားယွင်းစေမှုပဲဖြစ်ပါလိမ့်မည်။
"ရပြီ Tae Hyung... နည်းနည်းချဉ်ချဉ်လေး ဖျော်လာပေးတယ်။ ခေါင်းကြည်သွားအောင်လို့"
"ဟုတ် ကျေးဇူးNoona"
မျက်ဝန်းတွေသည်ခံစားချက်မဲ့သူလို အေးစက်နေသည်။ အပြုံးတွေဟာလည်း မပီမပြင်။ ခပ်နွမ်းနွမ်းမျက်နှာအနေအထားကြောင့် Noonaအား အလုပ်ဆင်းခိုင်းဖို့ကိုသာ ဆုံးဖြတ်လိုက်သည်။
"အလုပ်ဆင်းလို့ရပြီ Noona... ကျွန်တော် ဒါတွေပြီးအောင်လုပ်လိုက်မယ်။"
"ရပါတယ်။ ကူလုပ်ပေးပါ့မယ်။"
"အေးဆေးပြန်နားလိုက်ပါ Noonaရဲ့... မျက်တွင်းတွေကျနေသလိုပဲ အိပ်ရေးဝအောင်အိပ်ဦး။"
ဖြူစင်စွာသွားတန်းဖွေးဖွေးလေးတွေပေါ်သည်အထိ ပြုံးပြလာသော Tae Hyungအား ခပ်ရဲ့ရဲ့သာပြန်ပြုံးပြမိသည်။ ရင်ထဲကတင်းကျပ်မှုသည် တစ်စုံတယောက်ကိုရင်ဖွင့်လိုက်ရင် ပြေလျော့သွားလေမလားဆိုသည့်အတွေးကြောင့် ပြန်ရန်သာတွေးလိုက်၏။
"ဒါဆို ပြန်နှင့်လိုက်မယ်နော်။"
"ဟုတ် Noona"
ယိုင်နဲ့နဲ့ခြေလှမ်းများကို ထိန်းလျောက်ရင်း ပြိုင်ဘက်ရှေ့ ကျရှုံးမသွားအောင်၊ ပြိုလဲမကျသွားအောင် အားတင်းမိသည်။
YOU ARE READING
Second Person (Season_1)(Completed)
Fanfictionငေွရောင်လက်စွပ်နှစ်ကွင်းနဲ့ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ပြီးတော့ ခံစားချက်တေွကို ဝန်ခံမိတဲ့အခါမှာ သက်ရောက်လာမယ့်ကျိန်စာ... Kim Tae Hyung X Jeon Jung Kook Start date _ 8.7.2020 End...