ကလင် ကလင် ကလင်!!!
ရေငတ်နေသူတစ်ဦးရေတွင်းထဲပြုတ်ကျသွားသည့်နှယ် အငမ်းမရနမ်းရှိုက်နေကြသည့်ကောင်လေးနှစ်ယောက်သည် အဆတ်မပြတ်အော်မြည်နေတဲ့ဖုန်းသံကို လျစ်လျူရှုထားပံုမှာရှိသည်။ အနမ်းတို့ဟာ အဆတ်မပြတ်ခဲ့ပေ။ သို့သော်...
တင်းတောင် တင်းတောင် တင်းတောင်!
အခန်းရေှ ့ကဘဲလ်သံကြောင့် Tae Hyungတစ်ယောက် အသိစိတ်ပြန်ကပ်လာရတယ်။ Hyungကတော့ ကျွန်တော့်နှုတ်ခမ်းတစ်စံုကလွဲလို့ အခြားအရာတေွအကုန်လျစ်လျူရှုကာ အဆက်မပြတ်နမ်းရှိုက်နေဆဲပင်။ တစ်ချက်တစ်ချက်နှုတ်ခမ်းကိုဖိကိုက်တာကြောင့် လူကတွန့်တွန့်သွားရ၏။
တင်းတောင် တင်းတောင် တင်းတောင်!
အဆတ်မပြတ်ထွက်ပေါ်လာနေတဲ့ ဘဲလ်သံကြောင့် ဆက်ပြီးလျစ်လျူရှုထားလို့မဖြစ်တော့ပေ။ ကျွန်တော့်ခန္ဓာကိုယ်ပေါ် အုပ်မိုးကာ အသိစိတ်ပေျာက်နေသည့် လူတစ်ယောက်လို နက်နက်ရှိုင်းရှိုင်းအနမ်းများကို ဖော်ကျူးနေတဲ့Hyungရဲ့ လေးလံလှသောခန္ဓာကိုယ်ကြီးအား ဘယ်လိုမှမတွန်းလှန်နိုင်ပါ။ သို့ကြောင့် ကေျာပြင်ကိုတဘုန်းဘုန်းထုပြီး ခေါင်းကိုဘယ်ညာယိမ်းကာ အနမ်းတို့ကိုရေှာင်ဖယ်မိတယ်။ ထိုအခါမှ ရီဝေဝေမျက်ဝန်းတေွနဲ့ပြန်ကြည့်လာကာ ကျွန်တော့်ခန္ဓာကိုယ်ပေါ်ကနေ ဘေးဘက်ကိုလှိမ့်ဆင်းသွားတယ်။
"Hyung... တောင်းပန်"
"မဟုတ်ဘူး မဟုတ်ဘူး။ အပြင်မှာ လူရှိနေလို့"
ကျွန်တော် လက်တစ်ခါခါနဲ့ အတင်းအသည်းအသန်ငြင်းမိတယ်။ Hyungဆီကတောင်းပန်စကားကို ကျွန်တော်မလိုချင်ပါ။ နှစ်ဦးသားအလိုတူလို့ ရှည်ကြာတဲ့အနမ်းတစ်ခုအဖြစ် ပံုေပါ်ခဲ့ပြီပဲမဟုတ်လား။ Hyungရဲ့အတေွးတေွကို ကျွန်တော်သိပါတယ်။ Hyungရဲ့အနမ်းတေွကို မလိုချင်လို့ ရေှာင်ဖယ်မိခဲ့တာမှမဟုတ်ပဲ။ မတတ်သာတဲ့အခြေအနေမို့ ရေှာင်ဖယ်ခဲ့ရခြင်းပဲလေ။ သို့ကြောင့် တောင်းပန်စကားဆိုတာ မလိုအပ်ဘူးလို့ ကျွန်တော်ထင်ပါတယ်။
"ခဏလေး"
ကျွန်တော့်ခြေလှမ်းတေွကို တံခါးဝဆီဦးတည်လိုက်တယ်။ အခန်းရေှ ့တွင် ဟိုဘက်လေျှာက်လိုက်၊ ဒီဘက်လျေှာက်လိုက် လုပ်နေတဲ့ဂျာကြီးကြောင့်...
![](https://img.wattpad.com/cover/227546149-288-k229575.jpg)
YOU ARE READING
Second Person (Season_1)(Completed)
Fanfictionငေွရောင်လက်စွပ်နှစ်ကွင်းနဲ့ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ပြီးတော့ ခံစားချက်တေွကို ဝန်ခံမိတဲ့အခါမှာ သက်ရောက်လာမယ့်ကျိန်စာ... Kim Tae Hyung X Jeon Jung Kook Start date _ 8.7.2020 End...