Part_7​ (Unicode)​

2.1K 175 7
                                    

အတိတ်ကနေ့စွဲတစ်ခု...💝

Tae‌ေလးတို့မိသားစုအိမ်ကိုအလည်လာပြီး​ ပြန်သွားတဲ့ရက်နောက်ပိုင်းကစပြီး Taeလေးနဲ့ကျွန်တော်ညတိုင်းဖုန်းပြောဖြစ်ခဲ့ကြတယ်။ အရင်နေ့တွေကဆိုTaeလေးကကျွန်တော့်ဆီကို ည၇နာရီလောက်ဆိုပုံမှန်ဖုန်းဆက်လာလေ့ရှိပေမယ့် ဒီနေ့မှာတော့ထိုသို့မဟုတ်ပေ။ ည၈နာရီထိုးသည့်တိုင် ဖုန်းဆက်မလာသေးတာကြောင့် ကျွန်တော်ဖုန်းဘေးကမခွာနိုင်ဖြစ်နေရတယ်။ ဘာများဖြစ်နေလို့လဲလို့တွေးမိတော့ ရင်တွေပူလာရပြန်တယ်။ အခုချိန်ထိအသံမြည်မလာသေးပဲ တိတ်ဆိတ်နေသည့်ဖုန်းကိုသိပ်ကြည့်မရချင်တော့။

"ဒီအချိန်ဆို လာသင့်နေပါပြီ...အိမ်ကဖုန်းများ ပျက်နေတာလား?"​

ဖုန်းကိုဖင်တပြန်ခေါင်းတပြန်လှန်ကြည့်နေတုန်း ဖုန်းသံမြည်လာတာကြောင့် လန့်ပါလန့်သွားရတယ်။ ခဏလောက်စိတ်ကိုငြိမ်အောင်ထားပြီးမှ ဖုန်းကိုကိုင်လိုက်တယ်။ ဖုန်းခေါ်လာတာဘယ်သူဘယ်ဝါဆိုတာလဲ မကြည့်လိုက်မိဘူး။

"Taeလေး...ဒီနေ့ဖုန်းဆက်တာနောက်ကျလိုက်တာ။"

ကိုယ်ပြောချင်တာပြောပြီးတော့မှ ဖုန်းနံပါတ်သေချာပြန်ကြည့်ရတယ်။ တော်ကြာမေမေ့မိတ်ဆေွဖြစ်နေရင်  ဒုက္ခ...။

"ဒီနေ့​ Papaကမုန့်တွေများ...ကြီးလိုက်ဝယ်ကျွေးတယ်Hyungရဲ့...ဟောဒီလောက်ကြီး..."

"ခွီ ဟား ဟား ဟား...Taeလေးကတော့ကွာ"

Taeလေးရဲ့ဟာသမှာ ကျွန်တော်နစ်မြောကာတဟားဟားရယ်ချမိလိုက်တယ်။ အခုဏကပူပန်သောကတေွလည်း ဘယ်ဆီရောက်သွားမှန်းမသိတော့။ ကျွန်တော်ရယ်ရတဲ့အကြောင်းက ရှိတယ်။ Taeလေးက'ဟောဒီလောက်ကြီး'ဆိုတဲ့စကားကုိဆိုနေချိန်မှာ လက်ဟန်ခြေဟန်နဲ့လုပ်ပြနေတဲ့ပံုစံကို ပြေးမြင်မိလို့ပဲ။ အဲ့ဒီပံုစံလေးနဲ့ ဘယ်လောက်တောင်ရယ်စရာကောင်းပြီး အသဲယားစရာကောင်းလိုက်မလဲ။ ကျွန်တော့်ဘေးနားမှာရှိနေလို့ကတော့ ဆွဲမွမိမှာအမှန်ပဲ။

"ဟားဟားဟား ချစ်စရာကောင်းလိုက်တာကွာ...ဟားဟားဟား"

ကျွန်တော့်ရဲ့ရယ်သံအဆုံးမှာတော့ Taeလေးရဲ့မကျေမချမ်းအသံသေးသေးလေးထွက်ပေါ်လာတယ်။

Second Person (Season_1)​(Completed)​Where stories live. Discover now