"အနှေးယာဥ်ဆိုတာ ဒါကိုပြောတာဗျ"
ဆွဲကိုင်ထားသည့်လက်ကိုဆတ်ခနဲ လွှတ်ချကာကေျာပေါ်ခုန်တက်လာသည့် ကလေးငယ်ကြောင့် လူကယိုင်ပါယိုင်သွားရ၏။ ကလေးငယ်ပြောသည့် အနှေးယာဥ်ဆိုတာသည် ကုန်းပိုးခိုင်းခြင်းသာ ဖြစ်ပါလိမ့်မည်။
"Hyungက အနှေးယာဥ်ကြီးပေါ့... ဟုတ်လား ကလေး"
ခါးတွင်တင်းကျပ်စွာချိတ်တွယ်ထားသည့် ခြေထောက်နှစ်ဖက်ကို ခပ်ဖွဖွရိုက်ရင်းပြောလိုက်သည်။ တကယ်ပါ ကလေးငယ်သည် စကားတတ်ကိုတတ်လွန်းပါ၏။
"ဒါပေါ့... ကဲကဲ မျက်နှာသစ်ဖို့ရေချိုးခန်းထဲသွားရအောင် အနှေးယာဥ်ကြီးရေ..."
"ဒီလိုတော့ ဘယ်ရမလဲကွ... စိတ်ဆိုးပြေပြီဆိုမှ စီးလို့ရမှာ"
"ဟာ... စိတ်မဆိုးတော့လို့ ကေျာပေါ်ရောက်နေပြီလေ... ပိန်းဥကြီးရဲ့"
ကျွန်တော့်ဆံပင်တေွကိုကလေးငယ်၏ လက်သေးသေးသွယ်သွယ်လေးတေွနှင့် ဆောင့်ဆွဲကာပြောလာပါသည်။ ကလေးငယ်က စိတ်မရှည်၊ ကျွန်တော်က ပိန်း... အင်း... နှစ်ယောက်တေွ ့တော့ ပိန်းတဲ့ကျွန်တော်ကပဲ နစ်နာတာပေါ့လေ။ အခုလောလောဆယ်တော့ ဆံပင်တေွမည်မျှကျွတ်ကုန်ပြီ မသိပေ။ ခေါင်းတောင်မနည်း ကျိန်းနေပြီပင်။ နာတယ်ဆိုပြီးလည်း မအော်ရဲပါ။ တော်ကြာထပ်ပြီးစိတ်ကောက်သွားရင် ဒုက္ခ...။
"ဒါဆိုလဲ အာဘွားလေးတော့ပေးကွာ... တစ်ရက်ကြီးများတောင် လွမ်းနေရတာ"
"မျက်နှာမသစ်ရသေးဘူးဆို... ပြီးမှပေးမယ်ဗျာ... go go"
"မရဘူး အခုလိုချင်တာ"
ညစ်ကျယ်ကျယ်ပြုံးကာ ကလေးငယ်အား ကေျာပေါ်တင်ထားလျက်ပင် ကုတင်ပေါ်ထိုင်ချလိုက်သည်။ သို့နောက် ခါးထက်မှခြေထောက်ကို ခပ်မြန်မြန်ဖယ်ရှားလိုက်ပြီး နောက်လှည့်ကာကလေးငယ်အား ကုတင်ပေါ်တွန်းလှဲလိုက်သည်။ ကလေးငယ်ဟာ ရုတ်တရက်ဆန်လွန်းသည့် ကျွန်တော့်အပြုအမူတေွကို မျက်လံုးလေးကလယ်ကလယ်ဖြင့် နားမလည်စွာကြည့်နေလေ၏။
"ယောကျာ်းလေးတစ်ယောက်ဖြစ်ပြီး ဘာကြောင့်ဒီလောက် လှနေရတာလဲ?"
![](https://img.wattpad.com/cover/227546149-288-k229575.jpg)
YOU ARE READING
Second Person (Season_1)(Completed)
Fanfictionငေွရောင်လက်စွပ်နှစ်ကွင်းနဲ့ ဆွဲကြိုးလေးတစ်ကံုး... ဘယ်ဘက်ရင်အံုက အမာရွတ်လေးနဲ့ စာအုပ်လေးတစ်အုပ်... ပြီးတော့ ခံစားချက်တေွကို ဝန်ခံမိတဲ့အခါမှာ သက်ရောက်လာမယ့်ကျိန်စာ... Kim Tae Hyung X Jeon Jung Kook Start date _ 8.7.2020 End...