_1_If there's a chance to start again.

15.7K 286 9
                                    

2020 April.

တစ်ခါမှ မဝေးဖူးသေးတော့ နီးနီးလေးဆိုတဲ့တန်ဖိုးကို နားမလည်ခဲ့ဘူး။ အဝေးကြီးဆိုတာ တွေးထားတာထက်ကို ပိုဝေးနေတာမျိုး။
ဒါပေမယ့်လေ...... ရွေးချယ်ခွင့်ရှိရင် သူနဲ့ဘယ်တော့မှ မတွေ့ရမယ့် ပတ်ဝန်းကျင်တစ်ခုမှာ မွေးဖွားခဲ့မှာ။

ဆံပင်နက်နက် မျက်ခုံးမွှေးကောင်းကောင်း ပိန်ရှည်ရှည် နဲ့ မိန်းကလေးတစ်ယောက်ထက် သူမက ဘာထူးခြားမှုမှ မရှိပါ။ မျက်ဆံနက်နက်နဲ့ မျက်လုံးဝိုင်းကြီးတွေကို မျက်တောင်ကော့ကော့ရှည်ရှည်များက အနားသတ်ထားကြတာကလွဲလို့ သူမမျက်နှာက သာမန်..... သူမက ထူးထူးခြားခြားသူတွေကြားထဲမှာ အရမ်းကိုသာမန်ဆန်ဆန် နေခဲ့တာပဲ ဖြစ်သည်။

တံစက်မြိတ်မှာ ချိတ်ထားတဲ့ သစ်ခွပင်တွေထဲကို မိုးရေတွေစီးကြနေသည်။ လကုန်လို့ လစာထုတ်တိုင်း ဝယ်စုထားရတဲ့ Cactus တွေကတော့ မိုးစိုလို့ မဖြစ်တာမို့ ဝရံတာကနေ နေရာရွှေ့ထားရသည်။ ကြောင်ဝါလေးက သူမနားမှာ ခွေအိပ်နေသည်။ သူမကတော့ ကိုယ်တိုင်ဖျော်ထားတဲ့ လက်ဘက်ရည် ကျကျတစ်ခွက်နဲ့...... အငြိုးနဲ့ရွာနေတဲ့ မိုးကိုပဲ ငေးနေမိသည်။ နောက်ပြီး မနက်က ရိပ်ကနဲ့တွေ့ခဲ့ရတဲ့ တစ်စုံတစ်ယောက်အကြောင်း ပြန်တွေးမိနေသည်။ မျက်စိမှားတာလည်း ဖြစ်နိုင်သည်။ ရုပ်ချင်းဆင်တာလည်း ဖြစ်နိုင်သည်။

အမြဲ သူ့အကြောင်းကို တွေးနေမိလို့ သူ့မျက်နှာကိုပဲ မြင်နေမိတာလား.... မဟုတ်တန်ရာ။ သူမကိုယ်တိုင် စွန့်ခွာခဲ့တဲ့ လူတစ်ယောက်ကိုလေ...... အခုချိန်ထိ သတိရနေသေးတာ..... မဖြစ်သင့်တာ။ ကြယ်လိုမျိုး တလက်လက်တောက်နေတဲ့ မျက်လုံးမျက်ဖန်ကြည်ကြည်လေးတွေ.... ဖြူဖျော့ဖျော့အသားအရည်နဲ့ နှုတ်ခမ်းမထူမပါး ကောင်လေး.... ရယ်လိုက်ရင် ပါးချိုင့်လေးနဲ့ ရှေ့သွားနှစ်ချောင်းကြီးတဲ့ကောင်လေး။ ဒီလိုမျိုးကောင်လေးက နောက်ထပ်ရှိနေနိုင်သေးတာပဲလေ...... သူရယ်လို့ မသေချာပါဘူး။ နောက်ပြီး..... သူက ဒီမှာ ရှိနေစရာ အကြောင်းလည်း ရှိမှ မရှိတာ။

ဘယ်ဆီကနေ ဖွင့်ထားမှန်း မသိတဲ့ သင်္ကြန်သီချင်းသံက နားထဲကို ရောက်လာသည်။

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now