_2_A little railway station and the wrong train.

3.3K 166 3
                                    

တစ်ခုသော နွေရာသီ....

" ကြည်ကြည်က ထွဋ်ဦးသာကို မွေးပြီး နောက် ၂နှစ်လောက်နေတော့ ဝါဝါက ဇွဲသီဟမာန်ကို မွေးရော.... နောက်ထပ်နှစ်နှစ်ကျော်လောက်နေတော့ ကြည်ကြည်က မေဖူးပြည့်သာကိုမွေးတယ်.... နောက်နှစ်နှစ်လောက်ရှိတော့ ဝါဝါက ဇွဲဘိုဘိုဟန်ကို မွေးတယ်။ အငယ်ဆုံး ယွန်းမိုမို​ဇော်ကိုကျ ဘိုဘို၃နှစ်ကျော်မှ မွေးတာ.... "

" ဪ...... အာ့ဆို အထွဋ်နဲ့ မေဖူးကမှ နင်နဲ့တူတွေတူမတွေပေါ့။ ဇွဲမာန်ရယ် ဘိုဘိုရယ် ဟိုပိစိလေးရယ် သုံးယောက်က မောင်နှမအရင်း..... ဒါပေမယ့် သူတို့နဲ့ နင်တို့နဲ့ကျ အမျိုးမတော်ဘူး...အဲ့လိုပေါ့.... "

" အေးလေ..... "

" အစက ရှုပ်နေတာပဲ..... စုစုရာ။ အခုမှ နင်ရှင်းပြမှ နည်းနည်း နားလည်တော့တယ်..... သူတို့ ၅ယောက်လုံးကို မောင်နှမ ဝမ်းကွဲတွေထင်နေတာ..... နောက်ပြီး ဝါဝါနဲ့ နင်တို့ကို အမျိုးတွေပေါ့.... အဲ့လိုထင်နေတာ "

" ဝါဝါနဲ့ ငါ့အမ ကြည်ကြည်နဲ့က သူ့သူငယ်ချင်းတွေ.... နောက်ပြီး သူတို့ ယောက်ျားတွေကလည်း သူငယ်ချင်းတွေပဲကွာ..... ကြည်ကြည့်ယောက်ျား ဦးထိန်နဲ့ ဝါဝါ့ ယောက်ျား ဦးဇော်တို့ကလည်း ငယ်သူငယ်ချင်းတွေလေ။ အိမ်ချင်းကပ်ရပ်လည်းဖြစ်တော့ ကလေးတွေက မခွဲတော့ဘူး။ သူတို့အချင်းချင်းနဲ့ကို တစ်ခြားကလေးတွေမလိုတော့ဘူး..... ဇွဲမာန်တို့အဖွားကလဲ ကဲကဲပိုလေ... တစ်ခြားကလေးတွေနဲ့ ထွက်ဆော့တာမကြိုက်တော့ သူတို့ချင်းပဲ ဆော့ကြတော့တာ.... "

" ဟုတ်တော့ ဟုတ်ပါတယ်..... ခုမှ သေချာကြည့်မိတယ် အထွဋ်နဲ့ အဖူးနဲ့က တစ်ရုပ်.... ဇွဲမာန်တို့ မောင်နှမသုံးယောက်က တစ်ရုပ်...... ဘိုဘိုတို့က အသားဖြူပြီး မေဖူးတို့ကျ အသားက ဝါညက်ညက်လေး.... အဒေါ်နဲ့ တူကြတာ.... "

" ဟ ဟ... အဒေါ်တူရင် ငါ့တူမက ရုပ်ချောအုံးမှာပဲ...."

သူငယ်ချင်းဖြစ်သူက မျက်နှာပြောင်ပြကာ ရယ်နေသည်။
တကယ်ဆို ဇွဲမာန်တို့ မောင်နှမသုံးယောက်က ပါးချိုင့်ကိုယ်စီနဲ့ ချောကြတာ....

" ဟဲ့....ထွေးစုသာ..... ဇွဲသီဟမာန်က သေချာကြည့်ရင် ငါတို့အခန်းထဲက ဘုန်းသက်ပိုင်နဲ့ ရုပ်ဆင်တယ်နော်.... "

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now