_10_She's the gift that was specially created in advance for him by God.

2.4K 137 8
                                    

မေဖူး ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ခဲ့ပါသည်။ အင်္ဂလိပ်စာနဲ့ သင်္ချာ ဂုဏ်ထူးနှစ်ခု ပါသည်။ စန္ဒီကျော်က ဂုဏ်ထူး သုံးဘာသာ ပါသည်။ သူ့အမေ ဒေါ်မိမိလေးကတော့ ဂုဏ်ယူလို့မဆုံးပေါ့။ ကြားထဲက မေဖူးကိုပါ ခနဲ့တာလိုလို ဖဲ့တာလိုလို ပါသေးသည်။ မေဖူးက ဘော်ဒါမှာရော ကျောင်းမှာရော တော်တယ်လို့ နာမည်ထွက်ထားတဲ့သူကိုး....။ မေဖူးရော မေကြည်ရောကတော့ ဘာမှ ထူးခံစားပြမနေခဲ့ပါ။ နဂိုတည်းက အောင်စာရင်းကို အများကြီး မျှော်လင့်ထားခဲ့တာမှ မဟုတ်ပဲလေ။ အမှတ်စာရင်းတွေထွက်တဲ့ချိန်မှ ဒေါ်မိမိလေးရဲ့ စွာကျယ်စွာကျယ်ဖြစ်နေတာတွေ တိတ်သွားတော့သည်။ မေဖူးက စန္ဒီကျော်ထက် အမှတ်ပေါင်းအများကြီး သာနေခဲ့ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ခြေချော် လက်ချော်ဖြစ်ခဲ့လို့သာ ဂုဏ်ထူးအများကြီးမပါခဲ့တာဆိုပေမယ့်... ဘော်ဒါက လေးဘာသာရတဲ့သူထက်တောင် အမှတ်ပေါင်းက များနေခဲ့သေးသည်။ မေဖူးက ကိုထွဋ်လို ဆရာဝန်ကြီး မဖြစ်တောင်မှ ကျန်တဲ့ တက္ကသိုလ်တော်တော်များများကို ရွေးခြယ်ခွင့်ရခဲ့ပါသည်။ အဖေဖြစ်သူရဲ့ ကွန်ပျူတာကိုကလိရတာကြိုက်တဲ့ မေဖူးက Computer Science ကို ရွေးတက်ခဲ့ပါသည်။

2014 Mandalay.

မေဖူး တက္ကသိုလ်ကျောင်းသူဖြစ်နေပြီ။ ယူနီဖောင်း အမြဲဝတ်ရတဲ့ကျောင်းမို့ မေဖူးအတွက် ဗမာအင်္ကျီအဖြူတွေကို ဒေါ်မေကြည်သာ ချုပ်ပေးခွင့်ရတဲ့အတွက်လည်း ကျေနပ်နေလေသည်။ တက္ကသိုလ်မှာ မေဖူးက ပျော်ရွှင် တက်ကြွတဲ့ ကျောင်းသူတစ်ယောက်ဖြစ်သည်။ ဆရာများကလည်း မေဖူးကိုချစ်ကြသလို သူငယ်ချင်းများနှင့်လည်း ပေါင်းတတ် သင်းတတ်မို့ တက္ကသိုလ်ကျောင်းသူဘဝက ပျော်စရာကောင်းနေခဲ့ပါသည်။

" မေဖူး.... နင့်ကို ငါတို့ Ecက ကြိုက်နေတာ "

" မဟုတ်တာ.... "

" တကယ်ပါဆို.... "

မေဖူးက အာကာ့ဆီကို လှမ်းကြည့်လိုက်ပြီး....

" ငါ ရည်းစားမထားချင်သေးဘူး။ ခုမှ ပထမနှစ်ရှိသေးတာ.... နောက်ပြီး အာကာလား ငါ့ကိုကြိုက်မှာ... "

" ဒါပေမယ့် နင်စဥ်းစားထား.... အာကာမင်းထက်အကြောင်း ငါအသိဆုံး။ တစ်ခြားမိန်းကလေးတွေဆို အေးတိအေးစက်နဲ့ပေမယ့် နင့်ကိုဆို အကြည့်တွေကစ နွေးထွေးနေတာ..."

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now