_21_String by love.

2.9K 138 5
                                    

ချစ်ခြင်းမေတ္တာရက် နဲ့တဲ့ကြိုးမို့ နှောင်ကြိုးလို့လည်း မခေါ်ရက်ပဲ.... အထပ်ထပ်အခါခါ ရစ်ပတ်လာတိုင်း နောက်ထပ်ပိုလို့ တွယ်တာရုံပဲ တတ်နိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ML လောကမှာ offlane role ကို တစ်ခေတ်ထသွားအောင်လုပ်ခဲ့တဲ့ Puppy Bob တဲ့။ အာကီရာကို အကောင်းဆုံး Cover ပေးနိုင်တဲ့ tank role က စွမ်။ Hyper role မှာ အကောင်းဆုံး Farming skill နဲ့ Akia....Jacob နဲ့ Berry က Battle ကို အချိန်ကောင်းမှာ ရွေးစတတ်ပြီး အကောင်းဆုံးအဆုံးသတ်ပေးနိုင်တဲ့.... လုံးဝပြီးပြည့်စုံနေတဲ့ team work.... ဒီအတိုင်းဆို  ဒီနိုင်ငံမှာ Edith ကို နိုင်မယ့်သူ မရှိနိုင်တော့ဘူး တဲ့။

ဟေသာဖတ်ပြသွားတဲ့ သတင်းတွေထဲက မှတ်မိနေတဲ့ အကြောင်းအရာများဖြစ်ပါသည်။ Edith က ပထမဆုံးတစ်ပွဲပဲ ရှုံးဖူးခဲ့ပြီး ကျန်တဲ့ငါးသင်းလုံးကို အပြတ်သတ်အနိုင်ယူခဲ့ကာ Champion ဖြစ်သွားခဲ့ပါသည်။ Facebook စာမျက်နှာတွေပေါ်မှာ ဆုဖလားကိုပွေ့ပိုက်ကာ ရယ်မောပျော်ရွှင်နေတဲ့ ကောင်လေး.... တုတ်ထိုးချိုချဥ်လေးငုံကာ အာရုံစိုက် Game ဆော့နေတဲ့ ကောင်ကလေးတစ်ယောက်ရဲ့ ပုံရိပ်တွေက ပလူပျံလို့နေပါသည်။ ဘယ်သူရှိရမှာလဲ.... ဘိုဘိုပဲပေါ့။
Caption တွေက
_ Puppy Bob ကို ကြွေနေလို့ လုပ်ကြပါအုံး။

_အခုကစပြီး ဂိမ်းမဆော့တတ်လည်း Bob ကိုကြိုက်လို့ Edith fan ဖြစ်ပြီ။

_ယောက်ျားချင်းတောင် ကြွေတယ်ဗျာ.... ဆိုတာမျိုးတွေလည်း ရှိသည်။

အို.... အများကြီး အများကြီး။ ဘိုဘို့ကို အားပေးတဲ့ပရိတ်သတ်တွေက အများကြီး ဖြစ်လာလိုက်တာ ပြိုင်ပွဲကာလအတွင်းမှာ သူ့ facebook က follower သိန်းချီပြီးတောင် တိုးလာခဲ့ပါသည်။ အဲ့ဒီထဲ ဟေသာတောင် ပါသေးသည်။

" အာကီရာက မျက်နှာမမြင်ရတဲ့အတူတူ ပါပီဘော့ကိုပဲ ကြိုက်တော့မယ် " တဲ့။

ဟေသာက တကယ် အပြောင်းလဲ မြန်တဲ့ကောင်မလေး။

အားလုံးပြီးဆုံးသွားတော့ သင်္ကြန်လဲရောက်တော့မည်။ မလုပ်ဖြစ်ဘူးဆိုပေမယ့် အိမ်ကိုတော့ ပြန်ခဲ့ဖို့ မေမေရော ဖေဖေရောက ခဏခဏ လှမ်းခေါ်နေခဲ့သည်။ နောက်ပြီး.... အမေစိန်ကပါ ဘိုဘို ရန်ကုန်ကို ရောက်နေတာသိသွားပြီး " မေဖူးပြန်ခေါ်ခဲ့.... ဘိုဘိုက ငါတို့ ပြောစကားနားထောင်တာမဟုတ်ဘူး။ ညည်းစကားမှ.... " တဲ့လေ။

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now