_8_They take stars for granted coz they know wherever they go, there'll be star

2.1K 132 4
                                    

2012.

" ဟဲ့..... ကိုမာန်က စုစုကို ကြိုက်နေတာတဲ့ "

မေဖူးပြည့်သာ ဘိုဘို့ကို တိုးတိုးလေးပြောတော့ ကောင်လေးက မအံ့ဩသွားခဲ့။

" နင် သိပြီးသားလား..... "

" အေး..... "

အဲဒီနှစ်က မေဖူး ဆယ်တန်း။

" ဘိုဘို နင်တို့က ငါတို့တောင် မစောင့်ဘူး။ ဒီမှာ ထမင်းလာစားနေကြတာ "

မိုမိုက မေဖူးနားမှာ ဝင်ထိုင်ပြီး ထမင်းချိုင့်ကို ဖွင့်သည်။ မိုမိုနဲ့အတူပါလာတဲ့ စန္ဒီကျော်က ဘိုဘိုဘေးမှာ ဝင်ထိုင်သည်။

" နင်တို့က လေးတိလေးကန်နဲ့ လုပ်နေတာကို။ မေဖူးသာက ဗိုက်ဆာလှပြီဆိုလို့.... "

" မမစန္ဒီက သူ့စောင့်အုံးဆိုလို့..... "

တကယ်ကျ စန္ဒီကျော်နဲ့ မေဖူးနဲ့ကမှ အတန်းတူတာ။ ဒါပေမယ့် တွဲဖြစ်တော့ မိုမိုနဲ့.....။ အတန်းတူချင်းပေမယ့် အခန်းမတူတာမို့ မေဖူးက စန္ဒီကျော်နဲ့သိပ်ကြီး မခင်ကြပါ။ ငယ်ငယ်ထဲက ဆိုးဖော်ဆိုးဖက် ဘိုဘိုနဲ့သာ အတန်းလည်း မတူပဲ နှစ်ယောက်ပေါင်းကာ လောင်းကျော်နေကြသည်။

" လျောက်ပြောနေ..... နင်တို့ Gameဆိုင်သွားချင်လို့ ထမင်းအမြန်စားနေကြတာမလား.... "

" ထင်ရာပြောတာပဲ..... မေဖူးသာ ဆယ်တန်းမို့ ငါတို့ ဂိမ်းဆိုင်မရောက်တာတောင် ကြာပေါ့.... "

မေဖူး ဒီနှစ် လိမ္မာနေရသည်။ ဘယ်လောက်ပဲဆိုးဆိုး ဆယ်တန်းစာကိုတော့ နောက်တစ်နှစ် မကျက်ချင်ပါ။ မေမေတို့ပို့လို့ အမေဝင်းတို့ ညအိပ်ဘော်ဒါမှာ သွားနေရသည်။ ဒီတော့ ဘိုဘိုတို့ မိုမိုတို့နဲ့ ကျောင်းရောက်မှပဲ တွေ့ရသည်။

" မေဖူးမသွားလည်း နင်သွားတယ်မလား။ ဟိုနေ့က နင်တို့အခန်းနားကိုရောက်တော့ နင့်ကိုမတွေ့ပါဘူး.... "

စန္ဒီကျော်က ဝင်ပြောတော့ မေဖူးက ဘိုဘို့ကို ကြည့်လိုက်သည်။ ဘိုဘိုက ရယ်ကျဲကျဲနှင့် မေဖူးကို ပြန်ကြည့်ကာ....

" တစ်ခါထဲပါ.... ဟိုကောင် တင်မျိုးအောင်တို့ ခေါ်လို့..... "

" ငါ့ကိုတောင် လာမခေါ်ဘူး "

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now