_17_The cloud that flew away from my sky.

2.3K 137 10
                                    

2018 Febuary.

ပြီးခဲ့တဲ့ 2017 ရဲ့ နွေရာသီက အကောင်းဆုံးနွေရာသီတစ်ခုဖြစ်ခဲ့ပါသည်။ အပူအပင်မရှိတဲ့ နောက်ဆုံး နွေရာသီတစ်ခုဖြစ်ခဲ့သည်။ သူတို့အားလုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့ တစ်နည်းနည်းနဲ့တော့ ပျော်နိုင်ခဲ့ကြတာပေါ့။

ဒီနှစ်က မေဖူးတက္ကသိုလ် နောက်ဆုံးနှစ်။ ကျောင်းစာတွေ projet ပေါင်းစုံတွေနဲ့ အလုပ်ရှုပ်ရတဲ့နှစ်။ ဘိုဘိုနဲ့ ရန်သတ်လိုက်..... သူငယ်ချင်းတွေနဲ့ ဘဝအကြောင်းတွေ ပြောလိုက်နဲ့ ဆွတ်ပျံ့စရာကောင်းနေခဲ့ပါသည်။

ဘိုဘိုက ဂိမ်းပိုဆော့လာသည်။ မေဖူးက ကျောင်းမှာ စာတွေပိုလုပ်နေခဲ့ရသည်။ သူတို့ ခဏခဏတော့တွေ့ဖြစ်ကြပေမယ့်.... ခဏလေးသာ တွေ့ဖြစ်ကြသည်။

အသက် ၂၁။ လောကကြီးထဲ ခြေစုံပစ်မဝင်ရသေးခင်တောင် ပင်ပန်းနေရတဲ့အချိန်ပေါ့....

" နောက်ဆုံးတော့...... စာမေးပွဲ ပြီးခဲ့ပြီ..... "

မေဖူးရယ် ဝေဝေရယ် အစောရယ် သုံးယောက်သား အခန်းထဲကို ခြေဒရွတ်ဆွဲမတတ်ဝင်လာကြရင်း လွယ်အိတ်တွေကို ဗုန်းကနဲ့ပစ်ချလိုက်ကြသည်။

" နောက် semester တစ်ခုပြီးရင်တော့ ငါတို့ ဝဋ်က ကျွတ်ပြီပဲ..... "

အစောက ပြောတော့ ဝေဝေက ခေါင်းယမ်းကာ....

" ဆရာတွေ ပြောတယ်မလား။ အလုပ်ခွင်က ငါတို့ဖြေခဲ့သမျှ စာမေးပွဲတွေထက် ခက်တယ်တဲ့။ second chance မရှိဘူး.... Correction pen သုံးခွင့်မရှိဘူးတဲ့...... "

မေဖူးက အိပ်ယာပေါ်လှဲနေရင်းက ဝေဝေ့ကို မော့ကြည့်ကာ....

" Correction pen က ဘာလို့မသုံးရတာလဲဟင်.... ဝေဝေ "

တကယ်ကို မသိသလိုရုပ်တည်ကြီးနဲ့မေးတော့ ဝေဝေနဲ့အစောမှာ ရယ်ရခက် ငိုရခက်။

" မေဖူးရာ.... နင် စာသင်ခန်းထဲမှာ အမြဲငိုက်နေတော့တာပဲ။ Correction pen နဲ့ အမှားတွေကို ဖျက်ခွင့်​​ပြင်ခွင့် မရှိဘူးဆိုတာ တကယ့် Correction pen ကို ပြောတာမဟုတ်ဘူးလေ။ နင် အလုပ်မှာ အမှားတွေကို မှားသွားလို့ဆိုပြီး အလွယ်တကူ ပြင်လို့ဖျက်လို့မရဘူးလို့ ပြောတာကို.... "

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now