_16_the last happy summer.

2.4K 147 7
                                    

2017 April.

အနီးအနားပတ်ဝန်းကျင်က တဖြေးဖြေး ပြောင်းလဲနေတာကို သတိမထားမိပဲ တစ်နှစ်ပြီးတစ်နှစ် အသက်တွေကြီးလာရင်း ရုတ်တရက်ကြီး သတိထားမိတော့.... သူတို့နေတဲ့ လမ်းငယ်လေး၊ ဒီနယ်မြို့လေးက တော်တော်ကြီးကို တိုးတက် ပြောင်းလဲ နေပြီ။ သူတို့တတွေကရော..... ငယ်ငယ်က ပုံဖော်ကြည့်ဖူးတာနဲ့မတူပဲ ကြီးပြင်းလာကြတာပေါ့။ မေဖူးကို အမြဲ ဗိုလ်ကျတတ်တဲ့ ဘိုဘိုက မေဖူးရည်းစား ဖြစ်နေတာမျိုး။ ထစ်ကနဲ့ရှိ ငိုတတ် ချွဲတတ်တဲ့ မိုမိုက တကယ်ကို လှလှပပကြီးပြင်းလာတာမျိုး။ ကိုမာန်က အရပ်မြင့်မြင့် လူချောကြီး လူအေးကြီး ဖြစ်နေဆဲပေမယ့် စုစုကို လူကြီးတွေမသိအောင် နှစ်တွေအကြာကြီး ကြိတ်ပိုးနေခဲ့တာမျိုး။ ကိုထွဋ်က လူရှုပ်ကလေးဖြစ်လာမယ်လို့ ဘယ်သူမှ ထင်မထားခဲ့တာမျိုး။

" ဦးပိုင်နဲ့ စုစုကို ပေးစားချင်နေကြတယ်တဲ့။ မာမီစိန်က ထိပ်ဆုံးကပေါ့.... "

မေမေစိန်ကို သူတို့က ကွယ်ရာမှာ မာမီစိန်လို့ ခေါ်တတ်သည်။

" တီတီခိိုင်ကရော.... ဘာပြောလဲ "

မေဖူးကျန်တာ မသိချင်ပေမယ့် အဲဒါကို သိချင်သည်။ စုစုကို သူ့မောင်နဲ့ မတူသလို မတန်သလို သဘောထားမျိုးနဲ့ မသိမသာ ခွဲခဲ့တာ ကြာပြီဆိုပေမယ့်လည်း ခွဲခဲ့တာကတော့ ဟုတ်တာပဲမလား။ ဘာမှတောင် မစတင်ရသေးတဲ့ ငယ်ရွယ်သူတို့ ဇာတ်လမ်းလေးကို ကြိုးကိုင်ခြယ်လှယ်ခဲ့တာ တီတီခိုင်ပဲမဟုတ်လား။ အဲတုန်းက မေဖူး ငယ်သေးပေမယ့် သိသင့်သလောက်တော့ သိပါသည်။
ပြောပါတယ်.... မေဖူးက အရိပ်ကဲကြည့်တတ်သူပါဆို....

" သူတို့လည်း အရွယ်ရောက်ပြီမလား..... တီတီခိိုင်လည်း အရင်ကလို ဦးပိုင်ကို ပြောစကားနားထောင်စေချင်လို့မှ မရတော့တာ "

မထင်ပါဘူး။ သူတို့ တစ်မျိုးလုံး တစ်ဆွေလုံး ဒီလိုကြီးပဲ မလား။ လူတွေကို သူတို့သဘောအတိုင်းဖြစ်မှ။ သူတို့ ပြောသလို ဆိုသလို ပြီးမှ။ လွှမ်းမိုးခြယ်လှယ်ချင်ကြတဲ့ အမျိုး....

" စုစုက ပြတ်သားလိုက်တာ။ ကိုမာန့်ကို မကြိုက်ဘူးဆို မကြိုက်ဘူးပဲ.... ငြင်းလာတာ ဘယ်နှစ်နှစ်ရှိပြီလဲ "

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now