_14_Smell of jealousy.

2.5K 128 6
                                    


2017 August.

" ဘိုဘို.... ငါ နင့်ကို ဓာတ်ပုံရိုက်ပေးမယ်.... "

" အမ် "

ကော်ဖီဆိုင်ရဲ့ တစ်နေရာမှာ မေဖူးနဲ့ ဘိုဘို ကော်ဖီသောက်နေကြသည်။ တကယ်က ကော်ဖီဆိုင်လာပြီး စာလုပ်ကြခြင်းဖြစ်သည်။ ပန်းခြံတွေသွားရတာ မကြိုက်တဲ့ မေဖူးကြောင့် သူတို့အတူ စာလုပ် အချိန်ဖြုန်းလို့ရမည့် ဒီကော်ဖီဆိုင်ကို ဘိုဘိုကပဲ အင်တာနက်ကနေ ရှာတွေ့ခဲ့တာ ဖြစ်သည်။ အခုဆို ဘိုဘိုတောင် ၁၈ ပြည့်ပြီ။ ရင့်ကျက်သင့်သလောက်လည်း ရင့်ကျက်နေပြီဆိုပေမယ့်လည်း.... မေဖူးနှင့်ပတ်သတ်ရင် မရင့်ကျက်သေးတာကတော့ အရင်တိုင်းပင်။ မေဖူးကတော့ တစ်ခါတလေ ပေါက်ကရတွေ ထလုပ်ချင် လုပ်တတ်သည်။ အခုလည်း ဘိုဘို့ကို ဓာတ်ပုံရိုက်ပေးမယ်ဆိုပြီး လုပ်နေပြန်သည်။

" ဘာစိတ်ကူးပေါက်ပြီး.... "

မေဖူးက ဖုန်းနဲ့ သူ့ကို ကျကျနနချိန်တာမို့ ဘိုဘို ရုပ်ကိုတည်ထားလိုက်သည်။

" ဘေးကပ်.... "

" ဟမ်..... "

" ဘေးကပ်ပါဆို.... မြန်မြန်.... "

" အင်း..... "

မေဖူးက စိတ်တိုင်းကျရိုက်ပြီးတော့ ပုံတွေပြန်ကြည့်ကာ ကော်ဖီအေးဆေးသောက်နေသည်။

" ပြအုံးလေ..... ကြည့်ကောင်းလားလို့ "

ဘိုဘိုကပဲ ရောက်လေရာမှာ မေဖူးကို ဓာတ်ပုံရိုက်ပေးခဲ့ရတာ ဖြစ်ပြီး မေဖူး သူ့ကိုဓာတ်ပုံရိုက်ပေးတယ်ဆိုတာကတော့ ရှားပါသည်။

" မပြပါဘူး.... "

ဘိုဘိုက မပြောမဆို မေဖူးဖုန်းကို ဆွဲယူကာ ကြည့်တော့ သူ့ပုံကို ရိုက်တာမဟုတ်ပဲ ဟိုဘက်စားပွဲကအတွဲကို zoom ချဲ့၍ ရိုက်ထားသည့်ပုံ....။ ဘိုဘို မေဖူးကို ကြည့်တော့ သူမက ရယ်ကျဲကျဲနှင့် ဖုန်းကို ပြန်ယူသည်။

" ပေး.... ဒီတစ်ခါ အတည်ရိုက်ပေးမယ် "

" ဘယ်သူတွေမို့လဲ..... "

ဘိုဘိုက ဓာတ်ပုံရိုက်ဖို့ကို စိတ်ထဲမရှိတော့ပဲ ဖုန်းထဲက ဓာတ်ပုံ၏အကြောင်းအရာကိုသာ စိတ်ဝင်စားနေတော့သည်။

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now