_15_BoBo and his ET.

2.4K 135 10
                                    

2016 December.

" ဝက်သားမကြိုက်ဘူးဆိုပြီး..... နင်စားတာ ဝက်တစ်ကောင်လုံးစာရှိတော့မယ်... လူက သေးသေးလေးကို စားသမျှ ဘယ်ရောက်ကုန်တာလဲ မသိဘူး "

" ဝက်သားမကြိုက်ဘူးပြောတာလေ..... ဝက်သားဒုတ်ထိုးမစားဘူးပြောလို့လား။ နောက်ပြီး ငါ ဝက်သားချက်မစားတာ အဆီတွေများလို့ဟာကို..... အသားပဲဆို စားတာပဲကို "

ဘိုဘိုက မေဖူးစားထားသမျှ ဒုတ်ချောင်းတွေကို ရေတွက်ရင်း မေဖူးကို မော့ကြည့်သည်။

" နင်အကြိုက်က.... တကယ့်ကို ထူးဆန်းတာပဲ.... "

" နားငြီးတယ်..... နင့်ကိုလည်း မရှင်းခိုင်းပါဘူးနော်။ ငါ့ဘာသာ ရှင်းမှာပါ.... "

" ငါပိုက်ဆံရှင်းရမှာမို့ ပြောနေတာမဟုတ်ဘူ.... ပြီးကျ နင်ပဲ ဗိုက်အောင့်မှာစိုးလို့ ပြောနေတာ "

" အခုမှ သုံးထောင်ဖိုးလောက်ရှိသေးတာကို.... "

" ငါးထောင်ဖိုးပြည့်တော့မှာ.... "

" အဲ့လောက်ရှိသေးလို့လား..... "

" နင် ရေကြည့်ပါလား..... ပြီးရင် မေမေကြည်နဲ့ ကိုထွဋ်က သူတို့အဖိုးတန်လေးကို ဂရုမစိုက်ရကောင်းလားလို့ ငါ့ဆူနေအုံးမယ် "

" အန်တီ.... ဟင်းရည်..... "

စကားပြောနေရင်းက ရုတ်တရက် ဈေးသည်အန်တီကြီးဆီကို ဟင်းရည်ထတောင်းတော့ ဘိုဘို အူကြောင်ကြောင် ဖြစ်သွားရသည်။ မေဖူးဟာဆိုလေ.....

" မောင်နှတွေထင်တယ်.... အိမ်က အငယ်နှစ်ကောင်လည်း အဲ့ဒီလိုပဲ စကားနိုင်လုလုနေလို​​့ ထိန်းနေရတာ.... "

မေဖူးက အဒေါ်ကြီးကို မော့ကြည့်ကာ....

" အဖူးတို့က ရုပ်တူကြတယ်ပေါ့..... ဟုတ်လား။ အန်တီ ဘယ်သူက အကြီးလို့ ထင်လဲ.... "

အဒေါ်ကြီးက မေဖူးနဲ့ ဘိုဘို့ကို တစ်လှည့်စီကြည့်ပြီးမှ....

" သူက အကြီးမလား။ အမွှာလား..... အရွယ်က သိပ်မကွာသလိုပဲ "

မေဖူးက အံကြိတ်ကာ ရယ်ပြရင်း သူ့ကို ပြောင်ပြသည်။

" ဟဲဟဲ.... အဖူးက ကြီးတာ.... "

" ဟုတ်လား..... မထင်ရဘူးတော်။ သမီးကို အငယ်ထင်နေတာ.... "

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now