_3_Moments that look like forever.

2.4K 145 0
                                    


2008.

ဒေါင်...... ဒေါင်....... ဒေါင်.....

ကျောင်းဆင်းခေါင်းလောင်းသံကြားတာနဲ့ အတန်းတိုင်းအတန်းတိုင်းဆီက ကျောင်းသားများသည် ပျားအုံက ပျားတွေလို အုံခဲစွာ ထွက်လာကြသည်။

အဲဒီနှစ်က ထွဋ်ဦးသာ ဆယ်တန်း။

" ကိုကို...... "

" ကိုထွဋ်..... "

ထမင်းချိုင့်ကိုယ်စီဖြင့် မေဖူးသာတို့ အကိုဖြစ်သူစာသင်ခန်းရှေ့သွားစောင့်နေကြသည်။ သူတို့အခန်းက ဆရာမထွက်သွားပေမယ့် သင်ပုန်းပေါ်က စာတွေကူးခိုင်းခဲ့တာမို့ တစ်ခန်းလုံး အသဲအသန်ပြီးအောင် ကူးနေကြသည်။

" လာပြီ..... ခဏလေး "

စာအုပ်တွေ ကမန်းကတမ်းသိမ်းကာ ထမင်းချိုင့်ဆွဲလို့ ကလေးတွေ အုပ်စုနား အပြေးထွက်ခဲ့သည်။ ထို့နောက်..... သူတို့ နေ့လည်စာစားနေကျ ကျောင်းဆောင်ဟောင်းနားက ကွပ်ပစ်ဆီသို့....

ထမင်းချိုင့်တွေ ဖွင့်ပြီးကျရင်ဖြင့် ဟိုချိုင့်ထဲက ဟင်း ဒီချိုင့်ရောက်.... ဒီချိုင့်က ဟင်း ဟိုချိုင့်ရောက်နဲ့ လက်တွေရှုပ်ထွေးသွားကြပြီးနောက် အတူတူ ထမင်းစားကြသည်။ ဒါက နေ့တိုင်းဖြစ်နေကြ....

" ကိုကို..... ကြက်သား ထပ်ထည့်ပေးအုံး "

" မိုမို နင်က လွန်လာပြီနော်..... လူတိုင်းအကုန်တူတူ စားနေကြတာကို နင်က "

ဘိုဘိုကအော်တော့ ဇွဲမာန်က ဟန့်သည်။

" မင်းကလည်းကွာ ကလေးကို..... "

" ကလေးဆိုပြီး လူတကာထက် ပိုစားလို့ဖြစ်ပါ့မလား.... "

ဒီညီကိုက ဒီလို အမြဲသတ်နေကြ။
ထွဋ်ဦးသာက သူ့ဟင်းထဲက တစ်တုံးကို မိုမို့ထဲထည့်ပေးရုံမက ဖဲ့ပေးလိုက်သည်။ ဒီနှစ်မှ သူငယ်တန်းစတက်တဲ့ ကလေးဆိုတော့... အကြီးဆုံးသူ့မှာသာ တာဝန်ရှိတော့သည်။

" တစ်ခါစားရင်.... ဒီလို သေးသေးလေးတစ်ဖက်ပဲ ထည့်စား။ အဲ့ဆို ဟင်းမလောက်တာ မဖြစ်တော့ဘူး.... ကြားလား မိုမို...."

" ဟုတ်.... "

ကလေးတွေဆိုတာ သင်ရလွယ်ကူပါတယ်။ သင်ပုံသင်နည်းပဲ နည်းနည်း လိုအပ်တာ.....

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now