_26_You belong with me.

3.4K 148 9
                                    


" ဒါက..... ဘယ်သူကြီးလဲ.... "

ဟေသာက တစ်ယောက်ထဲ ခြောက်ခြားစွာ ရွတ်ဆိုနေမိသည်။ ဒီနေ့က တနင်္ဂနွေနေ့။ မေဖူးသူငယ်ချင်း ဝေဝေကလည်း ဂျပန်ကို ထွက်သွားပြီ။ စောနန္ဒာကလည်း တစ်ပတ်လောက် သူ့အမျိုးတွေဆီ သွားနေမှာတဲ့။ ဒီတစ်ပတ် ပိတ်ရက်ကတော့ မေဖူးအိမ်မှာ စကားတွေပြောမယ် ရုပ်ရှင်တွေကြည့်မယ် ခေါက်ဆွဲ​ ပြုတ်စားမယ်ဆိုပြီး အစောကြီးသူ့အဆောင်ကနေ ထလာခဲ့ပြီး မေဖူးအိမ်ထဲကို ကိုယ့်ဘာသာပဲ သော့ဖွင့်ပြီးဝင်ခဲ့သည်။ မနိုးသေးတာသိတာမို့ သူမအခန်းထဲကို ဝင်ခဲ့တော့မှ.... အိပ်ယာပေါ်မှာ မေဖူးအပြင် ကောင်လေးတစ်ယာက်ပါ ရှိနေတာကို မြင်ခဲ့ရသည်။ ဒီတစ်ပတ်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ခဲ့တဲ့ မေဖူးက ထိုကောင်လေး လက်မောင်းကို ခေါင်းအုံးလျက် ကွေးကွေးကလေး အိပ်ပျော်နေပါသည်။ ကောင်လေးကလည်း မေဖူးကို တယုတယထွေးပွေ့ထားပြီး အိပ်ပျော်နေဆဲ ဖြစ်ပါသည်။

" သူ့ကို.... မြင်ဖူးနေသလိုပဲ..... "

ဟောသာက ပြောပြီးမှ မေဖူးကို နှိုးဖို့ သတိရတော့သည်။ ဘယ်သူပဲ ဖြစ်ဖြစ်.... မေဖူးအကြောင်း သူမသိရသလောက်က ရည်းစားတကယ်မရှိပါဘူးလို့ ပြောထားတာမို့....

" မေဖူး.... မေဖူး.... "

ကမူးရှူးထိုး ဆွဲနှိုးမလို့ကို ကောင်လေးက နိုးလာပြီး မေဖူးနားကလေးကို အသာပိတ်ကာ....

ရှုး.....

ဟေသာ ရပ်လိုက်ရသည်။

" မေဖူးသာ.... အိပ်ပျော်နေတာကို.... ထားလိုက်ပါ "

မေဖူးသာ..... တဲ့။ ဘယ်သူမှ သူမကို မခေါ်ကြတဲ့နာမည်။

" ရှင်က ဘယ်သူလဲ.... မေဖူးနဲ့ ဘာလို့တူတူအိပ်နေတာလဲ.... "

ကောင်လေးက အိပ်ယာကထလိုက်ပြီး မေဖူးကို စောင်ခြုံပေးနေသည်။ မြတ်မြတ်နိုးနိုး ကြည့်နေတာကို ဘေးက လှမ်းကြည့်နေသည့် ဟေသာ မြင်နိုင်ပါသည်။

" မြင်နေရတာတောင် မသိဘူးလား.... "

သူလှည့်ကြည့်တော့မှ ဟေသာက တစ်ခုခုကို သတိရသွားကာ ပါးစပ်ကို လက်နဲ့အုပ်လိုက်မိသည်။

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now