_18_Choice

2.6K 127 8
                                    

" စုစု.... အချစ်နဲ့ ဘဝက ဘယ်ဟာက ပိုအရေးကြီးတာလဲဟင်..... "

" အဲ့နှစ်ခုကို ယှဥ်လိုက်ရင် ပိုပြီးကာကွယ်ချင်တဲ့ဟာက ပိုအရေးကြီးတာပေါ့.... "

" ယှဥ်ပြီး ရွေးချယ်ရတော့မယ်ဆိုရင်.... ပိုကာကွယ်ချင်တဲ့အရာကိုပဲ ရွေးမှာပေါ့နော် "

" ဒါပေါ့..... ဆုံးရှုံးလို့မဖြစ်တာကိုပဲ ကာကွယ်ရမှာပေါ့။ အချစ်နဲ့ ဘဝက ရောထွေးလို့မရဘူး.... ဒီလိုပဲ အချစ်က တစ်ခြားအရာတွေနဲ့လည်း ရောထွေးပစ်လို့မရဘူး။ ဒီလိုမတူညီတာတွေနှစ်ခုကို ယှဥ်ပြီး ရွေးချယ်ရတဲ့အခြေနေမှာ အချစ်ကို မရွေးချယ်မိခဲ့လို့ တကယ်မချစ်ခဲ့ဘူးလို့လည်း ပြောလို့တော့မရပါဘူး။ ချစ်တဲ့စိတ်က ချစ်တဲ့စိတ်သီးသန့်ကလေးဖြစ်ပြီး ကိုယ်ရွေးချယ်ခဲ့တဲ့အရာကတော့ ဆုံးရှုံးလို့မဖြစ်တဲ့အရာမို့ပေါ့။ ကိုယ်ကာကွယ်ချင်မိတဲ့ အရာမို့ပေါ့.... "

" စုစုကရော.... ဘာကိုကာကွယ်ခဲ့တာလည်းဟင်.... "

" အေးချမ်းတိတ်ဆိတ်တဲ့ဘဝ...."

မေဖူး သူမအဖြကို သဘောကျစွာ တစ်ယောက်ထဲ ပြုံးနေမိခဲ့သည်။ အဖြေထဲမှာ နောက်ထပ်မေးစရာမလိုတဲ့ အဖြေတစ်ခုလည်း ပါနေပြီးမဟုတ်လား။

" ဟို.... စုစုက အချစ်နဲ့ ယှဥ်ပြီး ရွေးချယ်ခဲ့တာမဟုတ်ဘူးနော်.... စုစု သူ့ကိုလေ.... "

" သိပါတယ်..... အဖူးက စုစုကို နားလည်တာမလို့ ရှင်းမပြလည်းရတယ်.... "

မေဖူးက အဒေါ်လေးရဲ့လက်ချောင်းသွယ်သွယ်လေးတွေကို ငေးရင်း ရယ်နေခဲ့ပါသည်။ ဘာကိုပဲရွေးချယ် ရွေးချယ်.... ကိုယ်ရွေးချယ်ခဲ့တဲ့အရာကို ဆက်ပြီး ကာကွယ်ထားနိုင်ပါစေ စုစုရေ။

###########

2018 September.

အရာအားလုံးက မြန်မြန်ဆန်ဆန်ကြီး ဖြစ်ပျက်သွားခဲ့တာပါ။ မေဖူးက အဲ့ဒါတွေကို လိုက်မီဖို့ ကြိုးစားရင်း.... အသားကျဖို့ ကြိုးစားရင်း ခြေကုန်လက်ပမ်းကျနေပြီ။

" ဒီကိစ္စကြောင့်မဟုတ်ပါဘူး..... စုစုက အစထဲက အဲ့ဒီကိုသွားချင်လို့ မနှစ်ထဲက ပြောင်းရွှေ့ခွင့်လျောက်ထားတာပါ " တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီဝေးလံခေါင်သီတဲ့အရပ်ကို တွေဝေခြင်းမရှိ ထွက်သွားခဲ့တာကတော့ ပြီးခဲ့တဲ့ ကိစ္စတွေကြောင့်ဆိုတာ အသိသာကြီးပါ။ ထွေးစုသာက ဟားခါးကို ကျောင်းပြောင်းသွားခဲ့ပါသည်။

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now