_28_

3.1K 161 12
                                    

" လှလိုက်တာ.... သတို့သမီးက အဖြူရောင် ဝတ်စုံလေးနဲ့ တကယ်လိုက်တာ "

" ဟုတ်ပ..... "

" လှတယ်နော်.... မိုမို.... "

" အင်း..... ဟုတ်ပ.... လှလိုက်တာ...... "

ဘာမှ ပြင်ဆင်ခြယ်သထားခြင်းမရှိသေးပဲ ချုပ်ပြီးသွားတဲ့ သတို့သမီးဝတ်စုံကို အစမ်းဝတ်ကြည့်နေသည့် အမျိုးသမီးလေးကို မိုမို အားကျရခြင်းများစွာနဲ့ ငေးကြည့်နေခဲ့မိသည်။ အဲ့ဒီအင်္ကျီကို ဝတ်ရမယ့်သူက သူမ ဖြစ်ချင်ခဲ့တာကို....

" ကြိုက်ရဲ့လား.... သမီး။ မေကြည်က အသက်ကြီးပါပြီအေ.... အခုခေတ် ဒီဇိုင်းတွေ ဘာတွေ မထွင်တတ်ပါဘူး.... အထွဋ်ကို ပြောပါတယ်။ မြို့ထဲက ဒီဇိုင်နာဆီ ဝတ်စုံအပ်ဆိုတာကို.... သူက..... "

" ရတယ်.... မေကြည်။ သမီးကြိုက်တယ်.... နောက်ပြီး မေကြည်ချုပ်တတ်နေတာပဲမို့.... ကိုယ့်ယောက္ခမချုပ်ပေးတဲ့ ဝတ်စုံနဲ့ မင်္ဂလာဆောင်ရတာ ဘယ်​ေလာက်မိုက်လဲဆိုပြီး ကို့ကို သမီးပြောလိုက်လို့.... "

" ကြိုက်တယ်ဆို ဝမ်းသာပါတယ်တော်.... "

မေကြည်သာက ချွေးမလေးကို ကြည့်ကာ ပြုံးလို့နေပါသည်။

" အကြည်တို့ကတော့ ချွေးမအလိမ္မာလေး ရထားတာပဲ.... "

ဝတ်စုံအစမ်းဝတ်ကြည့်တာကို လာကြည့်သည့် ဝါဝါကလည်း သဘောကျကာ ပြောတော့ ထွဋ်ဦးသာက ရယ်လျက်....

" ကျနော်တော်တယ်မလား.... မေမေဝါ... လှလည်းလှ.... လိမ်လည်း လိမ္မာတဲ့ ကောင်မလေးကို ရအောင်ရှာနိုင်ခဲ့တာ.... "

လိမ္မာတဲ့ ကောင်မလေး။

" တော်ပါ့တော်..... နင်တအားရှုပ်လို့.... မိန်းမ ကောင်းကောင်းမွန်မွန်ရပါ့မလားလို့ ငါတို့က စိတ်ပူနေခဲ့တာ.... "

" ဟာဗျာ..... မေမေဝါက ကျနော့်ကို မိန်းမအထောင်းခံရအောင် လုပ်နေပြီ.... ကျနော် ငယ်ငယ်ကပဲ ရှုပ်တာပါ။ ပုံပုံနဲ့ ကြိုက်ကတည်းက နောက်ထပ် မရှုပ်တော့ပါဘူး.... "

မေကြည်က ချွေးမကို လှမ်းကြည့်လိုက်ပြီး....

" ဟုတ်လား... သမီး။ ဒီကောင် အနိုင်ကျင့်တာ ငြိမ်ခံမနေနဲ့နော်.... ပြောမရရင် မေကြည်တို့ကို လာတိုင်..... "

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now