_27_The older you get...

3.4K 155 7
                                    

" လမ်းဘေးမှာ.... ကြီးကို "

" နင့်အိမ်သွားမယ်ဆိုတော့လည်း နင်မှ ငါ့ကို မခေါ်တာ.... "

" အစောရှိတယ်လေဟာ.... အဲ့ဒါကြောင့် ငါ အိမ်ကျမှ စားမယ်ဆိုတော့လည်း နင်က ယူမသွားခိုင်းဘူးလေ "

" နင့်ဖို့ ဝယ်လာတာကို.... နင်နဲ့အတူတူ စားချင်လို့ဝယ်လာတာကို..... ဘာလို့ သူများတွေနဲ့စားခိုင်းမှာလဲ.... နောက်ပြီး မစောန္ဒာက အစားကြီးတယ်။ နင်စားစေချင်လို့ ဝယ်လာတာတွေ.... သူချည်းပဲ စားပစ်မှာ "

စူပုတ်ပြီး ပြောနေတဲ့ကောင်လေးကို ကြည့်ပြီး မေဖူး ရယ်ရပါသည်။ ဒီကောင်လေးက ဘယ်လိုပဲ လူကြီးယောင်ဆောင်နေနေ.... ကလေးဆန်နေတာလေးတွေက အခုထိ မပျောက်နိုင်သေးပါ။

" မရယ်နဲ့..... အဲ့ဒီမိန်းကလေးတွေကို အမြင်ကပ်နေပြီ.... နင့်အိမ်ကို သူတို့အပိုင်စီးထားကြတာ။ မပြန်သေးဘူးလား.... အဲ့ဒီတစ်ယောက်.... "

" အင်း..... သူ့အိမ်က ပြန်ခေါ်နေပြီလို့တော့ ပြောနေတာပဲ။ ဒါပေမယ့် သူက ပြန်ချင်ပုံမပေါ်ဘူး...."

မေဖူးက ပြောရင်းနဲ့ စက္ကူဘူးထဲက ကြက်ကြော်တစ်တုံးကို လှမ်းယူလိုက်သည်။ သူတို့နှစ်ယောက်က သူမတို့လမ်းထိပ်အုတ်ခုံမှာ ထိုင်နေကြခြင်း ဖြစ်ပါသည်။ ဆရာဝန်က အစာမာစားလို့ရပြီဆိုကတည်းက မေဖူးက တစ်မျိုးပြီး တစ်မျိုးစားချင်နေတာမို့ ဘိုဘိုက ကြက်ကြော်နဲ့ အာလူးကြော်တွေဝယ်လာကာ ​ညကြီးမိုးချုပ် ရောက်လာသည်။ အစောကို အားနာတာမို့ မေဖူး ဘိုဘို့ကို အိမ်ထဲမခေါ်တော့ပဲ လမ်းထိပ်က အုတ်ခုံမှာတင် တွေ့ဖြစ်ကြသည်။ စားစရာတွေ အိမ်ကျမှ စားမယ်ဆိုတာကိုမရပဲ သူနဲ့အတူတူစားရမယ်လုပ်နေတာမို့ လမ်းဘေးမီးတိုင်အောက်မှာပဲ နှစ်ယောက်သားထိုင်ကာ ဝယ်လာတဲ့မုန့်တွေကို စားဖြစ်ကြပါသည်။

" အိမ်လခတောင်းလိုက်.... သူလာနေတာ ၁လကျော်လောက်ရှိပြီမလား..... အိမ်လခတောင်းလိုက်ရင် ပြန်သွားလိမ့်မယ် "

" နင်..... အစောကို တော်တော် စေတနာထားနော်။ ကျောင်းတုန်းကဆို နင့်ဘက်ကနေ ကူပြောပေးခဲ့တာ အစောပဲရှိတယ်.... ဘယ်သူမှ နင့်ကို သဘောမကျဘူး.... အမြင်ကပ်လို့တဲ့ ငါ့သူငယ်ချင်းတွေက "

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now