_9_He's an unremoveable scar for her. And she can never get rid of it.

2.1K 124 2
                                    

မေဖူးသာဆိုတဲ့ မိန်းကလေးက မာရေကျောရေရှိချင် ရှိမည်။ မူယာ မာယာ များတတ်သူမဟုတ်။ စိတ်ထဲရှိတာကို ထိန်းချုပ်ထားတတ်တဲ့သူမျိုးမဟုတ်ပေ။ ရယ်စရာရှိတာ ရယ်ပြီး ငိုစရာရှိရင်လည်း ငိုတတ်ခဲ့သည်။ မျက်ရည်လွယ်လွန်းတဲ့သူမဟုတ်ပေမယ့် တစ်ခါတလေကျလည်း ကိစ္စ သေးသေးလေးတွေကိုလည်း ငိုတတ်သည်။ ကြောင်လေးတွေ ပေးလိုက်လို့ ဖျားတဲ့ထိ ငိုခဲ့တဲ့ မေဖူးက သူမတို့အိမ်က မွေးထားတဲ့ခွေးလေး နီကျားသေသွားတော့လည်း စာမကျက်ပဲ တစ်ညလုံး ငိုနေခဲ့တာပဲဖြစ်သည်။ နောက်တစ်နေ့ နှစ်ဝက်စာမေးပွဲရှိတာတောင် စာမကျက်ပဲ ငိုနေခဲ့လို့ ဘော်ဒါမှာ တီတီခိုင်တို့ ဦးပိုင်တို့ ဝိုင်းချော့ကြတာမရလို့ ညကြီးမင်းကြီး အိမ်ကို ပြန်ပို့ကြရသည်။ ထိုကဲ့သို့ ချစ်တဲ့အရာများအပေါ်မှာ သံယောဇဉ်ကြီးမားတဲ့ မိန်းကလေးဖြစ်သည်။

ဒီလို နူးညံ့တဲ့နှလုံးသားနဲ့မေဖူးအတွက် ဘိုဘိုကတော့ အနာတရဖြစ်မည်။ မွေးရာပါ အမှတ်အသားလိုမျိုး ဒဏ်ရာတစ်ခုဖြစ်သည်။ သေရာပါတဲ့အထိ အမှတ်ရနေမည့် အမာရွတ်တစ်ခု ဖြစ်ချင် ဖြစ်နေလိမ့်မည်။

ဘိုဘိုကလည်း ဘိုဘိုမလား။ သူမအတွက် ကောင်းကျိုးပေးခဲ့သူမဟုတ်ပါ။

2013 March.

မေဖူး ဆယ်တန်း စာမေးပွဲ ဖြေနေရပြီ။ အဲဒီနေ့က Chemistry ဖြေပြီးလို့ Physics လုပ်ရမည့်နေ့ဖြစ်သည်။ ဉာဏ်ကောင်းပေမယ့် စာကျက်ပျင်းတဲ့ မေဖူးက ကျက်စာတော့ နည်းနည်းအားနည်းသည်။ အထူးသဖြင့် နောက်ဆုံးကျန်နေတဲ့ Physics နဲ့ Bio။ မေဖူးက definition တွေရောတတ်သည်။ Bioက နောက်နေ့မှ ဆိုပေမယ့် များပြားလှတဲ့ ကျက်စာတွေကြောင့် အခုထဲက စိုးရိမ် ပူပန်နေရသည်။ ကျောင်းတက်လာခဲ့တဲ့တောက်လျောက်... ၄ဘာသာ ဖြေပြီးခဲ့သည်အထိ အေးအေးဆေးဆေးနဲ့ တည်ငြိမ်လာခဲ့ပြီးမှ အခုတော့ ရင်ခုံချင်သည်။ မေဖူးက အခုချိန်ထိ ဘာဖြစ်ချင်မှန်း သေချာမသိ။ တီစုလို ဆရာမလုပ်ချင်သလား.... ကိုထွဋ်လို ဆရာဝန်လုပ်ရမလား။ ကိုမာန်လို အင်ဂျင်နီယာ လုပ်ရမလား..... အခုချိန်ထိ သေသေချာချာ မသိပါ။ သို့သော်ဘာပဲလုပ်ချင် လုပ်ချင် ကိုယ့်ဘက်က ဘာနေနေ တက်နိုင်အောင် အမှတ်အများကြီး ရထားမှ ဖြစ်မည်။ ကိုထွဋ်လို ဂုဏ်ထူးတွေအများကြီးနဲ့ အောင်ချင်သည်။ မေမေက မေဖူးကိုဆို ဆိုးတယ်လို့ ခဏခဏ ဆူတာမို့ မေဖူးတော်ကြောင်း ပြချင်သေးသည်။

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now