_23_Chasing the cloud.

2.8K 145 8
                                    


" တိမ်တွေက အနီးကပ်ကြည့်မှ ပိုလှတာ.... အဲဒါကြောင့်.... ကျနော့်လွတ်ထွက်သွားတဲ့ မိုးတိမ်ကလေးကို ပြန်ဖမ်းဖို့ နောက်တစ်ခေါက် ဒီကို ရောက်လာခဲ့တာပါ.... "

ဒေါက်.... ဒေါက်.... ဒေါက်...

နွေရာသီရဲ့ လေဦးပေါက်က တော်တော်ကြမ်းတာမို့ မြစ်ဘေးမှာဆောက်ထားတဲ့ သအမေမြိုင်တို့ပျဥ်ထောင်အိမ်ကြီးက လေတစ်ခါဆောင့်လညိက်တိုင်း သိမ့်သိမ့်တုန်သွားသည် ထင်ရသည်။ တံခါးတွေက တဝုန်းဝုန်း တဗြန်းဗြန်းဖြစ်နေတာမို့ ညကြီးမင်းကြီး တူဝရီးနှစ်ယာက် ပြတင်းပေါက်တွေအကုန်ထပိတ်ရသေးသည်။ သူမတို့ရဲ့ အမြဲဖွင့်ထားတဲ့ ပြတင်းပေါက်လေးကိုတောင် ပိတ်ထားရတာကို တဒေါက်ဒေါက်နဲ့ အသံကြားနေရတော့ မေဖူး လန့်တောင်သွားရသည်။ အခန်းတံခါးက မဟုတ်ပဲ ပြတင်းပေါက်ကနေ တံခါးခေါက်သံကြားရတာလေ။ နာရီကြည့်တော့ ၁၁ ကျော်နေပြီ။ သရဲတွေက.... ၁၂ လောက်မှ ထွက်ကြတာမလား....

" မေဖူးသာ..... "

လေသံတိုးတိုးနဲ့ သူမနာမည်ကို ခေါ်သံကြားရတော့ ကြက်သီးများပင် ဖြန်းကနဲ့ ထသွားရသည်။ ထွေးစုသာက သူမဘေးမှာ ကွေးကွေးကလေး အိပ်ပျော်နေသည်။

" ငါ.... ဘိုဘိုရယ် "

ဘုရားရေ.... သူက အိမ်ပေါ်ထပ် ပြတင်းပေါက်ကို ဘယ်လိုတံခါးလာခေါက်တာပါလိမ့်။

" တံခါးလာဖွင့်ပေးအုံးဟ.... "

မေဖူးက မယုံကြည်နိုင်ဖြစ်နေရင်းက တံခါးသွားဖွင့်ပေးလိုက်တော့ တကယ်ပဲ သူ....

" နင်က.... ဘယ်လိုဖြစ်ပြီး "

" နင်က ဖုန်းပိတ်ထားတာလေ.... ဒီနည်းနဲ့ပဲ ခေါ်လို့ရမှာပေါ့ "

သံလှေကားကို မှန်နံရံမှာ ထောင်ပြီး ဒီထိ တက်လာခြင်းဖြစ်သည်။ ဘိုဘိုက ပြတင်းပေါက်ကနေ သူမအခန်းထဲကို ကျော်ဝင်လာသည်။ ​ခြေသံကြားတော့ ထွေးစုသာလည်း နိုးလာသည်။

" ဟောတော်.... ဘိုဘို.... မင်းက.... "

ရှူး.....

ဘိုဘိုက ဂျင်းဘောင်းဘီဒူးဖုံး​လေးနဲ့ Hoddie အဖြူရောင်ကိုဝတ်ကာ ခေါင်းကိုလည်းစွပ်ထားသည်။

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now