_6_The missed summer.

2.2K 132 6
                                    

2010.

သူတို့ရဲ့ နွေရာသီထဲကို တစ်နေ့တော့ မိုးသည် အလည်ရောက်လာခဲ့သည်။ ကံဆိုးမည့်မိုး... ဖြိုခွဲသည့်မိုး..... ကွဲကွာစေခဲ့သော မိုး။

" သူ့နာမည်က စန္ဒီကျော်တဲ့...... မေဖူးနဲ့အတန်းတူပဲ ရှစ်တန်း.... "

အမေစိန်က ထိုမိန်းကလေးကို သူမတို့ အုပ်စုဆီကို ခေါ်လာခဲ့သည်။ ဘယ်အုပ်စုမှာမဆို အရေအတွက်က မဂဏန်းဖြစ်သွားတဲ့အခါ အုပ်စုသည် အမြဲ ပြိုကွဲတတ်လေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဇွဲမာန်၊ မေဖူး၊ ဘိုဘို နဲ့ မိုမိုဆိုသည့် လေး​ယောက်အုပ်စုထဲကို စန္ဒီကျော်ရောက်လာခဲ့လေသည်။ သူမသည် မေဖူးတို့ လမ်းထဲကို အခုမှပြောင်းလာတဲ့ မိသားစုက။ ဘယ်သူနဲ့မှ တည့်တယ်မရှိတဲ့ အမေစိန်နဲ့တော့ သူတို့မိသားစုက တည့်နေသည်။ ဒီလိုနဲ့ စန္ဒီကျော်သည်လည်း.... သူမတို့ အုပ်စုဆီကို စိမ့်ဝင်ကာ ပြိုကွဲမှုကို.... စတင်စေခဲ့သည်။

" မမမေဖူး...... ဒီကလစ်လေးတွေ ဆင်တူပန်ရအောင်....."

ကလစ်လှလှလေးတွေကို ကြည့်ကာ စတိုးဆိုင်ထဲက မှန် ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်သည်။ ယောက်ျားလေးကေတိုတိုလုံးလုံးဆံပင်ကေနဲ့..... ဒီကလစ်တွေနဲ့။ ဒါပေမယ့် မိုမိုက ဒီလို ဆင်တူလုပ်ရတာတွေကို သဘောကျတာဆိုတော့.....

" အင်း....... "

" ငါရော ဝယ်မယ်လေ..... သုံယောက်ဆင်တူ ပန်ကြမယ်လေ "

မေဖူး ခေါင်းရမ်းမိသား ဖြစ်သွားသည်။

" သူနဲ့ ဆင်တူဝယ်လိုက်လေ...... ငါ့ဆံပင်ကတိုတိုလေး ဆံညှပ်တွေညှပ်ဖြစ်မှာမဟုတ်ဘူး.... "

" ဘာလို့လဲ..... အတူတူ သုံးယောက်ဆင်တူပန်ရအောင်ပါဆို..... "

မေဖူး မသိပါ။ ဒီတိုင်း မေဖူးကမတူတာတွေကို ညှိယူနေရတာတွေကိုမကြိုက်ပါ။
.
.
.
.
ဒီလိုနဲ့ မိုမိုက အင်္ကျီဆင်တူချုပ်တော့လဲ စန္ဒီကျော်နဲ့ ဖြစ်လာသည်။ တစ်နေရာရာသွားချင်တော့လည်း စန္ဒီကျော်နဲ့ပဲဖြစ်သည်။ မေဖူးကတော့ အင်္ကျီဆို ချုပ်ထည်တွေသိပ်မဝတ်ဖြစ်တော့ပဲ ဆိုင်က သူမကြိုက်တဲ့ အထည်ယူဝတ်လိုက်တာများသည်။ လျောက်လည်တောကျလည်း ဘိုဘိုနဲ့.... ဂိမ်းဆိုင်၊ စကိတ်ကွင်း။ ဇွဲမာန်က ဆယ်တန်းမို့ မေမေဝင်းတို့ဖွင့်ထားတဲ့ ဘော်ဒါကို ပို့ထားတာကြောင့် ကလေးတွေနဲ့ သိပ်လျောက်မလည်ဖြစ်တော့ပေ။

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now