_7_Flower blooming under the wrong stars.

2.3K 140 7
                                    

2010.

ဇွဲသီဟမာန် ၁၀တန်းတုန်းက....
ထွေးစုသာလည်း တန်းပြဆင်းနေရတဲ့အချိန်။

" ဆရာမ..... "

ထွေးစုသာက ပုပုသေးသေး လုံးလုံးလေးမို့ ကျောင်းက ကလေးတွေက ချစ်ကြသည်။ မနက်ကျောင်းလာပြီဆိုတာနဲ့ ခြင်းပြေးဆွဲတဲ့သူ... စာအုပ်ကူကိုင်ပေးတဲ့သူ ပန်းပေးတဲ့သူတွေအပြည့်။ ကလေးတွေပေးတဲ့ စံပယ်ကုံးတွေ နှင်းဆီခက်တွေကို နောက်က ဆံထုံးမှာ ခဲနေအောင် ပန်လိုက်တော့ ကလေးတွေက သူတို့ပေးသမျှ အကုန်ပန်တာကို ကျေနပ် ပျော်ရွှင်နေကြသည်။

" ဆရာမ.... "

ဒီအသံက ကလေးတန်းတွေဆီက အသံမဟုတ်ပဲ အတန်းကြီးထဲက အသံမျိုး။ တိတိကျကျဆိုရင် ဇွဲမာန်ပဲပေါ့...

" ဇွဲမာန် "

ထွေးစုသာက သူကမ်းပေးနေတဲ့ နှင်းဆီရဲရဲလေးကို မမြင်ချင်ယောင်ဆောင်ကာ သူ့ကို မော့ကြည့်နှုတ်ဆက်ရသည်။ တကယ်လည်း မော့ကြည့်နှုတ်ဆက်ရတာမျိုး.... ကလေးတွေက သူမထက် အရပ်တွေမိုးထိုးအောင် ရှည်ကြတာလေ။

" စုစု ပြန်ရောက်နေတာကို မသိဘူး.... မနေ့ကမှ ကျောင်းဆင်းချိန် လှမ်းမြင်လိုက်လို့ "

" အင်း... မင်းက ဘော်ဒါဝင်နေတာဆိုတော့ မသိတာနေမယ်... ဘယ်လိုလဲ.... စာရော လိုက်နိုင်လား "

" လိုက်နိုင်ပါတယ် "

" အာ့ဆို စုစု သွားမယ်နော်.... ပိတ်ရက်ပြန်လာမှ တွေ့တာပေါ့ "

ထွေးစုသာ လှည့်ထွက်ဖို့ပြင်နေတုန်း ပခုံးကနေ လှမ်းဆွဲခံလိုက်ရပြီး...

" ပန်းပေးနေတာလေ.... ဆရာမကို.... "

ဇွဲသီဟမာန်က ဆရာမလို့ စသလို နောက်သလိုခေါ်ရင်း ပြုံးရယ်ကာ ပန်းကို ရှေ့တိုးပေးလိုက်သည်။ ထွေးစုသာက ယူဖို့ မယူဖို့ တွေဝေနေဆဲပေါ့.... ဒီကလေးဆီက ပန်းလေးတစ်ပွင့်ယူတာ ဘာဖြစ်တာမှတ်လို့ လို့ တွေးနေရင်းကပဲ ယူဖို့ တွန့်ဆုတ်နေမိတာကို ထွေးစုသာ နားမလည်ပါ။ မိန်းကလေးတွေရဲ့ ဆဌမအာရုံကြောင့်ပဲလား....

" မယူတော့ပါဘူးရှင်..... ဘယ်ကောင်မလေးပေးဖို့ ယူလာလဲ မသိတဲ့ ပန်းကို.... "

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now