_5_String made with cloud.

2.2K 144 0
                                    

2010.

လူကြီးများက ရှေ့ရေးကို ကြိုတွေးတတ်ဟန်တူသည်။ တစ်ချိန်မှာ ဒီလိုတွေဖြစ်လာမှာကို ရိပ်မိဟန် ရှိကြသည်။ အဲ့ဒီနှစ် နွေရာသီတုန်းက မေဖူးနဲ့ ဘိုဘို တစ်နေကုန် Gameဆိုင်ကနေ ပြန်တယ်မရှိကြတော့။ Gameဆိုင်ကနေ ပြန်ရောက်တော့ ဟိုအိမ်မှာ ထမင်းစားလိုက်.... ဒီအိမ်မှာ Tvလိုက်ကြည့်လိုက်နဲ့..... မိုမိုနဲ့ စကိတ်ကွင်းလည်း ညနေတိုင်း ရောက်ကြသည်။ ဒီလိုနဲ့ ထိန်းလို့မနိုင်တဲ့ မေဖူးကို ကျောင်းကနေ နောင်တစ်ခေါက်ပြန်ရောက်လာတဲ့ ထွေးစုသာနဲ့ ရွာကို ထည့်လွှတ်လိုက်သည်။ ဒါနဲ့ပဲ.... နွေရာသီကို ၂လနီးပါ Gameဆိုင်မရှိတဲ့ ရွာမှာ မေဖူးနေခဲ့ရသည်။ သို့သော် မေဖူးမလား..... ရောက်တဲ့နေရာမှာ ရတဲ့နည်းနဲ့ ဆိုးပြနိုင်ခဲ့တာပင်.....

" မေမေ..... အဖူး ဘယ်ရောက်သွားလဲ။ ရေဆိပ်ဆင်းသွားတာတော့ မဟုတ်ပါဘူးနော် "

ထွေးစုသာတို့ ရွာက အိမ်သည် ကမ်းနဖူးမှာဖြစ်သည်။ မြို့မှာ ရေဆင်းမချိုးရတဲ့ မေဖူးက ဒီမှာ တစ်နေ့ကို ရေ၂ခေါက်လောက် ချိုးချင်သည်။

" ခြံထဲသွားမယ်လို့ ပြောသွားတာပဲ..... "

ဆိုးလွန်းလို့ ရွာထည့်လွတ်လိုက်မှ..... ပိတ်ရက်လေး လာရတာဆိုပြီး အဖိုးအဖွားတွေက အလိုလိုက်ထားတော့ မေဖူးတို့ တာတေလန်အောင် ဆိုးကောင်းတော့သည်။

" လိုက်သွားလိုက်အုံးမယ်..... အခုထိ ထမင်းမစားရသေးဘူး။ အဲ့ကောင်မလေး "

ထွေးစုသာတို့ မေကြည်သာတို့ရဲ့ဇာတိက ရွာမှာဖြစ်သည်။ သူတို့မိဘတွေက ရွာမှာ အလုပ်သမားတွေနဲ့ ခြံစိုက်ပြီး အေးဆေးနေနေကြပြီး အကြည် အိမ်ထောင်ကျပြီး မြို့မှာ လိုက်နေဖို့ ခေါ်တာကို လိုက်မနေကြပဲ ရွာမှာပဲ ဆက်နေနေကြတာပဲ ဖြစ်သည်။ ထန်းတောလည်း ပိုင်သည်။ သူတို့ရဲ့ ဧကကျယ်ကြီးနဲ့ခြံဝင်းထဲမှာ သရက်ပင်.... ငှက်ပြောပင်.... မာလကာပင်နဲ့.... တစ်ခြားရာသီစာအပင်တွေ..... ပန်းပင်တွေ။ အလုပ်သမားတွေ.....

" မေဖူးရေ....... "

ထွေးစုသာ သစ်ပင်တစ်ပင်အောက်ကနေ လှမ်းအော်လိုက်တော့ ခြံထဲကနေ လှိုင်သံပင် ပြန်ရိုက်လာသည်။

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now