_25_Sweet Dream.

3.5K 160 20
                                    

ငါက အမြဲတမ်း စောင့်နေခဲ့တဲ့သူဖြစ်ခဲ့တာ။ ရပ်ကြည့်နေခဲ့တဲ့လူဖြစ်ခဲ့တာ။ အဲဒါကြောင့်မို့.... ဒီတစ်ခေါက်တော့ ငါက အရင် နင့်ကို ထားခဲ့ပြီး ထွက်သွားတော့မလို့ အာကာ....။ ဘဝမှာ တစ်ခါလောက်တော့ နင့်ကို အရင် ကျောခိုင်းကြည့်ချင်လို့....

" ဟိုရောက်ရင် ဖုန်းဆက်အုံးဝေ..... "

" အင်း...."

" နင်အားမှ ပြောပါတယ်.... နင်အဆင်ပြေမှ ဆက်ပေါ့.... "

" အေးပါ.... "

" မေဖူးက နင်ဂျပန်သင်တန်းတက်နေတယ်လို့ ပြောပေမယ့်.... ဒီလာက် မြန်မြန်ကြီးသွားဖြစ်လိမ့်မယ် ထင်မထားဘူး "

" ဒီလိုပဲ ဖြစ်သွားတယ်.... "

" ဟိုမှာ အခုလိုမျိုး ဘာမှ မပြောပဲ လုပ်မနေနဲ့.... ဝေ။ မလုပ်နိုင်ဘူးဆို မလုပ်နိုင်ဘူး ငြင်းရတယ်... အကူညီလိုတယ်ဆို အကူညီလိုကြောင်း ပြောရတယ်.... "

အာကာက အေးတိအေးစက်နဲ့ ဝေဝေ့ကို ကြည့်မိရင်း အားမလိုအားမရဖြစ်မိသည်။ ဝေဝေက သူခိုင်းသမျှ အကူညီတောင်းသမျှကို အမြဲမငြီးမငြူလုပ်ပေးခဲ့သည်။ ဒီလိုနဲ့ လူတိုင်းက သူ့ကို အနိုင်ကျင့် ခိုင်းစားနေရင် ဘယ်လိုလုပ်မလဲ....

" ငါ့ကို နင်စိတ်ပူစရာမလိုပါဘူး။ ငါက လူတွေနဲ့အဆင်ပြေအောင်နေတဲ့နေရာမှာ နင့်ထက်တော်ပါတယ်.... "

ဝေဝေပြောမှ အာကာက ကိုယ့်ကိုယ်ကို သတိထားမိသည်။ ဟုတ်သားပဲ..... သူစိတ်ပူနေပေမယ့် ဝေဝေက သူ့ထက်တောင် လောကကြီးထဲ အဆင်ပြေအောင်နေတတ်ခဲ့ပြီး အမြဲ သူမကပဲ သူ့ကို ကူညီဖေးမပေးနေခဲ့ရတာ။

" ငါက နင့်ကို စိတ်ပူတာ.... မေဖူးကပြောတယ်.... နင်ရုံးကလူတွေနဲ့လည်း စကားကို ဘုဂလန့်ပြောတာပဲဆို.... "

" မဟုတ်ပါဘူး...."

" အရင်က နင်မေဖူးပေါက်ကရလုပ်တာတွေ လိုက်ထိန်းရပေမယ့်.... အခုချိန်မှာ မေဖူးက နင့်စိတ်မချဖြစ်နေရတာတဲ့။ ဂျာကြီးနဲ့ ငြိမှာကြောက်ရ.... ဟိုလူနဲ့ ရန်ဖြစ်မှာ ကြောက်ရနဲ့တဲ့.... "

" မေဖူးကတော့..... လူတိုင်းနဲ့ကို အဆင်ပြေနေတာ.... "

" ဒါနဲ့.... အဲ့ကလေးမလည်း ခုတလော ဘာဖြစ်နေတယ်မသိဘူး.... "

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now