_11_When it all go wrong....

2.4K 129 5
                                    


မေဖူး တက္ကသိုလ် ဒုတိယနှစ်။

2015 February.

" မေဖူး.... အဲ့လိုကြီးတော့ မလုပ်နဲ့လေကွာ..... "
.
.
.
" မေဖူး...... "

ပန်းခြံထဲမှာ လုပ်ချင်ရာ လုပ်နေတဲ့ မေဖူးနောက်ကို တကောက်ကောက်လိုက်နေရသူက အာကာဖြစ်သည်။ ထိုနေ့က ချစ်သူများနေ့ဖြစ်ပါသည်။ ချစ်သူများနေ့မှာ ချစ်သူလည်းမဟုတ်ကြပဲ မေဖူးနဲ့ အာကာ ပန်းခြံမှာရောက်နေတာကတော့ နောက်ကွယ်မှာ အကြောင်းရင်း များစွာ ရှိပါသည်။

" ဇင်ဇင်က သူ့ဘဲကြီးနဲ့ လျောက်လည်မှာ.... အစောကလည်း သူ့ရည်းစားနဲ့ လည်မှာတဲ့။ ငါက မြို့ပေါ်က အမျိုးအိမ်သွားမှာတဲ့လေ.... အဲဒါ အဖူးကို နင်ခေါ်ပြီးလည်လိုက် " လို့ ဝေဝေက ပြောပြီး မေဖူးကို အာကာ့လက်ထဲ ထည့်သွားခဲ့သည်။ ဒီအဆိုးမကလေးက တစ်ယောက်ထဲ သူမကို ချန်ထားခဲ့ရမလားရယ်လို့ သူငယ်ချင်းတွေကို ဒေါကန်ကာ ပန်းခြံမှာ လုပ်ချင်ရာ လုပ်တော့သည်။ အတွဲချောင်းမယ်ဆိုတော့လည်း မောင်လူအေး အာကာက နောက်က လိုက်ကာ လူမမိအောင် စောင့်ပေးရသည်။ အတွဲတွေကို နောက်ကနေ ခဲနဲ့ထုလို့ထု.... ရေပန်းတွေကို တမင်သက်သက် အတွဲတွေရေစိုအောင် လုပ်လို့လုပ်.... မလုပ်ပါနဲ့ ပြောမနိုင်တော့ လူမမိအောင် နောက်ကနေ လိုက်ထိန်းပေးရုံသာ တတ်နိုင်သည်။

" မေဖူးရာ.... သူ့ဘာသာ နေတဲ့သူတွေကို "

အတွဲတစ်တွဲကို " ရဲတွေလာပြီ " ဆိုပြီး အော်ဟစ်ခြောက်လှန့်ကာ ပြေးလာကြရင်း အာကာပြောတော့ မေဖူးက နှုတ်ခမ်းမဲ့ကာ ရယ်မောနေသည်။ မေဖူးက ဘယ်လိုပဲနေနေ ချစ်စရာ ကောင်းနေတာကတော့ ငြင်းဖွယ်မရှိ....

" အဖူးရှေ့ အတွဲတွေ ကြည်နူးနေတာကို ထိုင်တော့ ကြည့်မနေနိုင်ပါဘူး "

" ဒီနေ့က ချစ်သူများနေ့လေကွာ..... ပန်းခြံလာမိတဲ့ ငါတို့က မှားတာကို.... "

" ဘာလဲ.... ချစ်သူများနေ့ဆိုတော့ ရည်းစားမရှိတဲ့လူတွေက ပန်းခြံမလာရဘူးတဲ့လား "

" ဒါပေမယ့်.... ဒီလိုနေ့ဆိုရင် ဒီလို အတွဲတွေကတော့ ရှိမှာပဲ..... နင်မနာလိုဘူးဆိုရင် နင်လည်း ရည်းစားထားလိုက် "

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now