_22_love is not a plastics.

2.8K 139 4
                                    


" ပေါင်းသင်းဆက်ဆံရေးဆိုတာ တစ်ခါသုံးမဟုတ်လို့ပေါ့ကလေးရဲ့.... ပျက်စီးသွားလည်း အထပ်ထပ်အခါခါ ပြန်ပြင်ပြီး သုံးကြရတဲ့ ပစ္စည်းတွေရှိတယ်မလား.... အိုဟောင်းနေတဲ့အရာတွေက ဘာနဲ့မှ အစားထိုးလို့မရတာမို့ ဒီလိုပဲ.... ပြန်ပြင်ဆင်ရင်း.... သုံးနေကြရတာပေါ့.... "

"....... "

" သေခန်းပြတ်ဆိုပြီး.... သေရင် ငိုကြရတဲ့လူတွေရှိတယ်.... မေဖူးက ငယ်သေးလို့ နားမလည်သေးတာ။ တစ်ခါလောက်ရန်ဖြစ်ကြပြီး တစ်သက်လုံးမခေါ်ကြရတော့အောင်.... ဒီလောက်နှစ်တွေအကြာကြီး ခင်မင်ရင်းနှီးမှုတွေက အပေါ်ယံတွေမဟုတ်ခဲ့ဘူးလေ..... "

" ဒါပေမယ့် စုစုရယ်..... သူတို့က အဲ့လိုမျိုး ဘယ်တော့မှ မခေါ်မပြောမယ့်သူတွေကျလို့.... ပြောခဲ့တာလေ။ အဲ့ဒီတုန်းက ပြောဆိုခဲ့တာတွေကို.... မေ့ပစ်လိုက်ရမှာလား.... "

" မေ့ပစ်လိုက်ပေါ့..... ကောင်းတဲ့အမှတ်တရတွေမှ မဟုတ်တာ..... "

" စုစုရော.... မေမေရောက ခွင့်လွှတ်ပေးနိုင် မေ့ပစ်နိုင်ပေမယ့်..... အဖူးကတော့ နည်းနည်းလေးမှ မေ့မပစ်ဘူးနော်.... တစ်ခွန်းမကျန်အကုန်မှတ်မိတယ် "

" မေမေစိန့်အကြောင်း မေဖူးလည်း သိရက်သားနဲ့.... "

" သိပါ့..... သိပါ့.... မောက်မာတာက လွန်ရော.... ဘယ်သူ့နေနေ သူတို့စကားအရာရောက်မှ ကြည်ဖြူတဲ့လူတွေ..... ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ နဲ့..... တဇွတ်ထိုး တဇောက်ကန်းတွေ.... "

" အဲတော်..... ဒါကတော့ မေမေစိန့်အကြောင်း မဟုတ်တော့ဘူးထင်တယ်.... တစ်ခြားလူအကြောင်းတွေပါလာပြီ.... "

" တူတူပဲ.... အဲ့အိမ်ကလူတွေက အကုန်တူတူပဲ... "

" ဘိုဘိုက အဖူးလေးကိုတော့ ချစ်တယ်မလား.... "

" သူချစ်တာကြီးက မွန်းကြပ်လွန်းလို့.... "

ထွေးစုသာ ရယ်နေလိုက်ပါသည်။ တူမလေးက အဆိုးလေး။ လူတကာအပေါ်မှာ အနစ်နာခံ ကူညီပေးပြီး အားနာတတ်တဲ့ကောင်မလေးက သူမအပေါ်မှာတော့ လွတ်လွတ်လပ်လပ် ​ပြောချင်တာတွေပြောကာ ဂျီကျတတ်သည်။ ချွဲတတ်သည်။

" မေဖူး..... သူ့ကိုမချစ်ဘူးလား.... "

" ချစ်ပါတယ်..... ငယ်ငယ်ထဲက အတူတူနေလာတဲ့သူပဲကို.... "

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now