_4_Days like cloud in the sky.

2.3K 142 0
                                    


2009.

" ကဲ...... အတန်းလည်းမတူပဲ ကျောင်းကိုအတူလစ်ပြီး ဂိမ်းဆိုင်သွားကြတဲ့နှစ်ယောက် လာပါအုံး "

ကျောင်းအုပ်ဆရာကြီးက ထိုနေ့က ကျောင်းပတ်ဝန်းကျင်က ဂိမ်းဆိုင်တွေကို စစ်ဆေးရင်းကမှ ကျောင်းလစ်ပြီး ဂိမ်းခိုးဆော့တဲ့ မေဖူးနဲ့ ဘိုဘိုကို ဖမ်းမိသွားသည်။ အဲ့ဒီနှစ်က မေဖူးက ၇တန်း.... ဘိုဘိုက ၅တန်း။ ဇွဲသီဟမာန်က ၉တန်း။ ထွဋ်ဦးသာက ဆယ်တန်းအောင်လို့ မကွေးမှာ ဆေးတက္ကသိုလ် တက်နေပြီ။ မိုမိုက အခုမှ ၁တန်း။

" နာမည်ဘယ်သူလဲ.... ဘယ်အတန်းကလဲ "

" ကျော်ဘိုဘိုဟန်.... ၅တန်း A "

" ဟိုတစ်ယောက်ကရော..."

" မေဖူးပြည့်သာ... ၇တန်း A "

ဆရာကြီးက သူတို့အဖြေတွေကြားကာ ဒေါသက ပိုထွက်လာသည်။

" ညည်းကလည်း မိန်းကလေးတန်မဲ့ ဂိမ်းဆိုင်သွားတယ်။ ဟိုကောင်ဆို အခုမှ ၅တန်းရှိသေး ကျောင်းလစ်ပြီး ဂိမ်းဆော့တတ်နေပြီ.... ရိုက်မှာ.... ရိုက်မှာ။ မိဘတွေရော လှမ်းတိုင်ရမှာ...."

ဒီတော့ ဘေးမှာ တစ်ချိန်လုံး သုန်မှုန်စွာရပ်နေတဲ့ မေဖူးရဲ့အတန်းပိုင် ဆရာမက....

" ဆရာကြီး.... ဒါ ပထမဆုံး အကြိမ်မဟုတ်ဘူး။ အိမ်တိုင်စာပေးလည်း မိဘတွေ ခေါ်မလာကြဘူးရယ်.... သူတို့က အိမ်နီးချင်းတွေ။ ဟိုကောင်လေးမိဘတွေက ဇွဲ ပွဲရုံက။ မေဖူးပြည့်သာက ဖူးလွှာ အထည်ဆိုင်က..... "

ဘိုဘိုနဲ့ မေဖူး နှစ်ယောက်သား အချင်းချင်း ကြည့်ကာ ရယ်ကျဲကျဲ လုပ်နေမိကြသည်။ ဒီလို ရုံးခန်းရောက်တာက ပထမဆုံးဆိုပေမယ့် ဆရာမနားနေခန်းတွေဆိုတာ.... ခဏတိုင်းရောက်နေတာ။

" ဟေ..... မဖြစ်တော့ဘူး ဒီကလေးတွေက ထိထိရောက်ရောက် လုပ်မှ ဖြစ်တော့မယ်.... ဖုန်းနံပါတ် အလွတ်ရလား "

" မရဘူး ရှင့်"

" မရဘူးဗျ..."

နှစ်ယောက်သား ပြိုင်တူ။ ငြင်းနေတုန်း ဘိုဘို့အတန်းပိုင်ဆရာမရောက်လာသည်။

" ဆရာကြီး.... ကျော်ဘိုဘိုဟန်ရဲ့အကိုက ဒီကျောင်းမှာ ရှိတယ်။ နဝမတန်း Aမှာ.... ဇွဲသီဟမာန်ဆိုလား.... "

ချစ်ခြင်းမေတ္တာနဲ့ ရက်တဲ့ကြိုးမို့ Where stories live. Discover now